တော်ရဲရား အရောင်း၊ ပြင်သစ်မှာ အစွမ်းပြနေတဲ့ အငှား ၂ဦး၊ မာရီ၊ တိုင်လီမန့်စ်တို့နဲ့ ယနေ့ အာဆင်နယ် သတင်းများ

ဂါလာတာစာရေး အသင်းဟာ နာပိုလီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးဖြစ်တဲ့ တိုက်စစ်ကစားသမား ဒရီးစ် မာတင်စ်နဲ့ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားတို့ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း တရားဝင် ကြေညာပါတယ်။ ဂါလာတာစာရေး က တော်ရဲရားအတွက် ပေါင် ၅ သန်းနဲ့ ၆ သန်းကြား အသုံးပြုခဲ့ရပါတယ်။

အာဆင်နယ် ကနေ မာဆေးနဲ့ ရင်းစ်အသင်းတွေမှာ အငှား သွားရောက် ကစားနေတဲ့ နူနို တာဗာရက်စ် နဲ့ ဘာလိုဂန် တို့ ၂ ဦး ဟာ မနေ့ညက ပြင်သစ် လီဂူး အဖွင့်ပွဲမှာ ခြေစွမ်းပြ ကစားပြီး ကိုယ်စီ ဂိုးသွင်းနိုင်ခဲ့ ကြပါတယ်။

လီဗာပူးလ်ဂန္တဝင် စတိဗ် နီကိုးလ်က အာဆင်နယ်ဟာ ထိပ်ဆုံး ၄ သင်းထဲက တစ်သင်းလို့ ထင်မြင်ခြင်းမရှိဘဲ ခရစ္စတယ် ပဲလေ့စ်အသင်းထက်သာ ပိုမိုကောင်းမွန်တဲ့အသင်းလို့ သတ်မှတ်ခဲ့ပါတယ်။

အာဆင်နယ် အနေနဲ့ အဓိက ပစ်မှတ်ထားနေတဲ့ လက်စတာကွင်းလယ်လူ တိုင်လေမန့်စ်အတွက် တရားဝင်ကမ်းလှမ်းမှု ြုပုလုပ်တောမ့ှာ ဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ပြင်ဆင်နေပြီး တိုင်လေမန့်စ်ကို သဘောကျနေပါတယ်။

ဂန်းနားတွေရဲ့ အရောင်းဌာနမှာတော့ ကစားသမားနှစ်ယောက်လောက်ကို ရှင်းထုတ်နိုင်ဖို့ နီးစပ်နေခဲ့ပြီး တခြား ကစားသမားသုံးလေးဦးကိုလည်း အသင်းက ထွက်ခွာဖို့ ဖိအားပေးသွားမှာဖြစ်သလို မလိုအပ်ဘဲ ပိုလျှံများပြားနေတဲ့ ခြေစွမ်း ညံ့သူတွေကို အမြန်ဆုံး ရောင်းထုတ်သွားနိုင်ဖို့လည်း ကြိုးစားနေကြပါတယ်။

တော်ရဲရား ပြီးတဲ့နောက် အာဆင်နယ် ရောင်းချလိုနေတဲ့ နောက်ခံလူ ပါဘလို မာရီ ကို အီတလီ စီးရီးအေ အသင်းတွေဖြစ်ကြတဲ့ မွန်ဇာနဲ့ ဗီရိုနာတို့က ကမ်းလှမ်းထားကြပြီး မကြာခင်မှာ အပြီးသတ် ထွက်ခွာစေနိုင်ဖို့ ယူဆရပါတယ်။