ဒီဂျောင်အား တော့ဒ်ဘိုလေ စည်းရုံးမှု၊ ဖိုဖာနာ အတွက် ကမ်းလှမ်းမှုများ၊ အိုဒွိုင်း၊ ချေးဝဲလ်တို့နဲ့ ချဲလ်ဆီး သတင်းတိုများ
ချဲလ်ဆီးမှာ ပွဲထွက်ခွင့် ရထားတဲ့ အင်္ဂလန် လက်ရွေးစင် ဘယ်နောက်ခံလူ ဘန်ချေဝဲလ် က သူ့နေရာ စိန်ခေါ်ဖို့ ကူကူရယ်လာ ရောက်လာတဲ့ အပေါ် စိုးရိမ်မနေဘဲ ပွဲကစားခွင့် အတွက် ပြိုင်ဆိုင်သွားမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
ချဲလ်ဆီး ပိုင်ရှင် တော့ဘိုလေးဒ်အနေနဲ့ ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင်ကို ပုဂ္ဂိုလ်ရေးဆိုင်ရာ စည်းရုံးဖို့ကြိုးပမ်းခဲ့ရာ မအောင်မြင်ခဲ့ဘဲ ကျရှုံးခဲ့ပါတယ်။ ချဲလ်ဆီးဟာ အသက်၂၅နှစ် အရွယ် ကွင်းလယ်လူကို ခေါ်ယူဖို့ကြိုးပမ်းခဲ့တာဖြစ်ပေမဲ့ ဒီဂျောင်ကိုယ်တိုင်က ဘာစီလိုနာမှာသာ ဆက်ရှိချင်နေတာပါ။

ချယ်ဆီး တောင်ပံတိုက်စစ်သမား အိုဒွိုင်းကလည်း ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန် ထံ ပြောင်းရွှေ့ဖွယ် ရှိနေပြီး အေးဂျင့်ကနေ တဆင့် ဆွေးနွေးနေတယ် လို့ စကိုင်းစပေါ့ သတင်းက ဆိုပါတယ်။
ပီအက်စ်ဂျီက ပရီးမီးယားလိဂ်ကလပ် လက်စတာနောက်ခံလူ ဖိုဖာနာကို ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေတယ်လို့သတင်းတွေ ထွက်ပေါ်နေပါတယ်။ လက်စတာဟာ ဖိုဖာနာ တန်ကြေး ပေါင် ၈၅ သန်း သတ်မှတ်ထားခဲ့ပြီး သူ့ကို ချဲလ်ဆီးကလည်း ကြိုးပမ်းနေတာပါ။ လက်စတာအနေနဲ့ ဖိုဖာနာကို ဒီနှစ်မှာ ရောင်းထုတ်သွားဖို့ အစီအစဉ် မရှိပါဘူး။
လက်စတာ အသင်းဟာ ဖိုဖာနာ အတွက် ချဲလ်ဆီးရဲ့ ယူရို ၇၅သန်းတန်နဲ့ ယူရို ၈၂ သန်းတန် ကမ်းလှမ်းမှု နှစ်ကြိမ် လုံးကို ပယ်ချထားခဲ့တယ်လို့ သိရပါတယ်။

ဘာစီလိုနာ ဟာ အသစ် ခေါ်ယူထားတဲ့ ကစားသမား အားလုံးကို စာရင်းသွင်းနိုင်ဖို့ လာလီဂါ ဘက်က လက်ခံ သေချာပြီးမှသာ ချဲလ်ဆီးခံစစ် မားကိုစ့် အလွန်ဆို ရဲ့ အပြောင်း အရွှေ့ကို အပြီးသတ်ဖွယ် ရှိပါတယ်။
သတင်းထောက် ဂျရတ် ရိုမီရို ရဲ့ အဆိုအရ ဘာစီလိုနာ ဟာ အလွန်ဆို ကို ၂ နှစ် + အပို ၁ နှစ် နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိ ထားပြီး ဖြစ်ကာ ပြောင်းရွှေ့ကြေး ကတော့ ယူရို ၈ သန်း ဝန်းကျင် ပေးချေ ရနိုင်တယ်လို့ သိရပါတယ်။
ဂိုးသမားသစ် ခေါ်ယူဖို့ ရှိနေတဲ့ နာပိုလီ ဟာ ချဲလ်ဆီး ရဲ့ ကီပါ နဲ့ PSG ဂိုးသမားကြီး ကေလာ နာဗက်စ် တို့ ၂ ယောက်ကို သီးခြား ချိတ်ဆက် ဆွေးနွေးမှု ပြုလုပ်နေပြီး နာဗက်စ် ကို ခေါ်ယူဖို့ ပိုမို အလေးသာ နေတယ်လို့ သတင်း ထွက်ပေါ် နေပါတယ် ။