ဗီလာရီးရဲလ် တောင်ပံသမားကို ကမ်းလှမ်းခြင်း၊ နီတို၊ တိုင်လီမန်းစ်တို့နဲ့ အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ
အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်ကလပ် ဝုဗ် တိုက်စစ်ကစားမား နီတိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဝုဗ် အသင်းဟာ ဂူဒက်စ်ကို ခေါ်ယူလိုက်တာက အာဆင်နယ်အနေနဲ့ နီတိုကို ခေါ်ယူဖို့လမ်းပွင့်စေခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဗီလာရီးရဲလ် တောင်ပံတိုက်စစ်သမား ရယ်ရီမီ အတွက် ယူရို သန်း ၄ဝ နဲ့ စတင် ကမ်းလှမ်း ထားကြောင်း စပိန် သတင်းတွေက ဖော်ပြထားပါတယ်။ ရယ်ရီမီ ရဲ့ စာချုပ် ဖျက်သိမ်းကြေးက ယူရို သန်း ၈ဝ ဖြစ်ပါတယ်။
အီဒူးနဲ့ အာတီတာတို့ဟာ ဈေးကွက် မပိတ်ခင်မှာ အာဆင်နယ် ကွင်းလယ်ကို အားဖြည့်ဖို့ တိုင်လီမန်းစ်ကို သေချာ ချိတ်ဆက် ကြိုးစားတော့မှာ ဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ အခြား ကွင်းလယ်ပစ်မှတ် ဖြစ်တဲ့ ဖာဘီယန် ရုဇ် ကို ပီအက်စ်ဂျီက ခေါ်ယူဖို့ သဘောတူညီမှု ရသွားပြီ လို့လည်း သိရပါတယ်။
အာဆင်နယ်နဲ့ လိဒ်စ် ယူနိုက်တက် တို့ ချိတ်ဆက်မှုတွေ ရှိနေတဲ့ PSV တောင်ပံတိုက်စစ်သမား ကိုဒီ ဂတ်ပို ကို မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်ကလည်း သဘောကျနေပါတယ်။
အာဆင်နယ် ကြယ်ပွင့်ဟောင်း ဆန်းချက်ဟာ အင်တာမီလန်နဲ့ နှစ်ဘက် သဘောတူ စာချုပ် ဖျက်သိမ်းလိုက်ပြီး မာဆေးအသင်းထံ ပြောင်းရွှေ့ကစားတော့မှာ ဖြစ်ပါတယ်။