လူကာကူ ဝန်ခံချက်၊ ကာဆာဒယ် ကို ချိတ်နေခြင်း၊ အလွန်ဆို၊ အူဘာတို့နဲ့ နောက်ဆုံးရ ချဲလ်ဆီး သတင်းများ

ချဲလ်ဆီး ဟာ အင်တာမီလန် ရဲ့ ၁၉ နှစ် အရွယ် ကြယ်ပွင့် ကစားသမားလေး ဆီဇာ ကာဆာဒယ် အတွက် ယူရို ၁၅ သန်း နဲ့ နောက်တကြိမ် (ယူရို ၈ သန်း ကို အင်တာ က ပယ်ချထား) ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ လန်ဒန် သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။

တိုက်စစ်မှုး လူကာကူ က ငယ်ဘဝ ကလပ် ချဲလ်ဆီး အသင်းကို ပြန်ပြောင်းပြီး ပထမတကြိမ်မှာ မဖြစ်မြောက်ခဲ့တာကို ပြန်လုပ်ပြနိုင်မယ်လို့ ထင်ထားခဲ့ပေမယ့် တကယ်တမ်းမှာ မှန်းချက်နဲ့ နှမ်းထွက် လွဲခဲ့ကြောင်း DAZN ရုပ်သံဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံခဲ့ပါတယ်။

လိုက်ပ်ဇစ် အသင်းထံ ရောက်သွားတဲ့ တိုက်စစ်မှူး တီမိုဝါနာက အသင်းဟောင်း ချဲလ်ဆီး ပရိသတ်တွေနဲ့ အသင်း တာဝန်ရှိသူတွေအပေါ် ကျေးဇူးတင်စကားပြောကြားရင်း နှုတ်ဆက်စကား ဆိုခဲ့ပါတယ်။

ချဲလ်ဆီးနဲ့ အာဆင်နယ် ကစားသမားဟောင်း ဝီလီယံဟာ ဥရောပဘောလုံးလောကထဲ ပြန်လည် ဝင်ရောက် လာချင်နေပြီး သူ့ကို ဖူလ်ဟမ်က ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

ဘာစီလိုနာက ကစားသမား ခေါ်ယူမှုသစ်တွေကို လာလီဂါထံ စာရင်းသွင်းလို့ရတာနဲ့ ချဲလ်ဆီး ခံစစ်သမား မားကို့စ် အလွန်ဆို ကို ခေါ်ယူမှု အပြီးသတ်တော့မှာ ဖြစ်ပါတယ်။ ကလပ်နှစ်သင်းကြား ပြီးခဲ့တဲ့ အပတ်တည်းက သဘောတူညီမှု ရခဲ့ပြီးပြီ လို့ သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။

ချဲလ်ဆီးအသင်းဟာ ဘာစီလိုနာကနေ အူဘာမီယန်းကို ခေါ်ယူဖို့ အခွင့်အရေးရှိမလားဆိုတာ ဒီအပတ်ထဲမှာ သိရနိုင်ပါတယ်။