ပင်နို အတွက် အမ်မရီ ဝန်ခံမှု၊ အူဘာကို ကြိုကြမယ် မျှော်လင့်တဲ့ အာတီတာ၊ ပေါမာဆန် ဟောကိန်းနဲ့ ယနေ့ အာဆင်နယ် သတင်းများ

ဗီလာရီးရဲနည်းပြ အူနိုင်းအမ်မရီက အာဆင်နယ် ပစ်မှတ်ထားနေတဲ့ တိုက်စစ်ကြယ်ပွင့် ပင်နို အသင်းကနေ ထွက်ခွာဖွယ် ရှိနေတယ်လို့ ဝန်ခံခဲ့ပါတယ်။

ပင်နိုအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရှိလာခဲ့ရင် မိမိတို့အနေနဲ့ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးလို့ အမ်မရီက ဝန်ခံခဲ့တာပါ။ လက်ရှိမှာ အာဆင်နယ်အနေနဲ့ ပင်နိုအတွက် ယူရိုသန်း ၄၀ နဲ့ ကမ်းလှမ်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဂန်းနားဂန္တဝင်ဟောင်း ပေါမာဆန် က ဒီရာသီမှာ အာဆင်နယ် အသင်း အနေနဲ့ ပုံစံကောင်း ရနေတဲ့တိုက်စစ် လေးယောက်ထဲက တစ်ယောက် ဒဏ်ရာရတာမျိုးနဲ့ ကြုံရရင် ပြဿနာ တက်နိုင်ချေ ရှိကြောင်း သတိပေး စကား ဆိုလိုက်ပါတယ်။

အာဆင်နယ် အသင်းဟာ လိုင်လီ ကနေ ခေါ်ယူ ခဲ့ပြီး အသင်းမှာ ခြေစွမ်းမပြ နိုင်ဖြစ်နေတဲ့ သန်း ၇၀ တန် တောင်ပံ ကစားသမား ပီပီ ရဲ့ နေရာကို ပေါ်တို ရှေ့တန်း ကစားသမား ပီပီ နဲ့ အစားထိုးဖို့ စိတ်ဝင်စား နေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ်။ ပေါ်တိုမှာ ကစားနေတဲ့ ဘရာဇီးသား ပီပီ ဟာ ပေါင် သန်း ၆၀ ဝန်းကျင် တန်ကြေး ရှိပါတယ်။

ဂန်းနား တိုက်စစ်မှုးဟောင်း အူဘာမီယန်းဟာ ချဲလ်ဆီးနဲ့ ချိတ်ဆက်မှု ရှိနေပြီး သူ ပရီးမီးယားလိဂ်ကို ပြန်လာခဲ့ရင် အမ်းမရိတ်စ်ကွင်း ပရိသတ်တွေက ကောင်းမွန်တဲ့ ကြိုဆိုမှုကို ပေးလိမ့်မယ်လို့ အာဆင်နယ် နည်းပြ အာတီတာက မျှော်လင့်နေပါတယ်။

အာဆင်နယ် ရဲ့ စပိန် နောက်ခံလူ ပါဘလို မာရီ ကတော့ စီးရီးအေ မျက်နှာသစ် အသင်း မွန်ဇာ ဆီ ပေါင် ၆ သန်း နီးပါး နဲ့ ပြောင်းရွှေ့ ဖို့ အလုံးစုံ သဘောတူညီမှု ရရှိ သွားခဲ့ပြီ ဖြစ်ပါတယ်။

အာဆင်နယ်က ဒီညမှာ လက်စတာစီးတီးကို အမ်းမရိတ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပြီး ၃-ဝ နဲ့ ဂိုးပြတ် နိုင်လိမ့်မယ် လို့ ဂုရုကြီး ပေါမာဆန်က ခန့်မှန်းဟောကိန်း ထုတ်ထားပါတယ်။