ဒီအပတ် စပါး Vs မန်ယူပွဲအတွက် ဘီဘီစီမှ ဘိုးတော် လော်ရိုးရဲ့ ပွဲကြို ခန့်မှန်းချက်

ယူနိုက်တက်ဟာ တော့တင်ဟမ် ၊ အတ္တလန္တာ ၊ မန်စီးတီး အသင်းတွေနဲ့ ဆက်တိုက် ကစားပြီးရင်တော့ နိုင်ငံတကာ ပွဲစဉ်တွေ တစ်ဖန် ပြန်လည် ရောက်လာမှာပဲ ဖြစ်ပါတယ်။ အကယ်လို့ ဒီပွဲစဉ်တွေမှာ ဆိုးရှားကသာ ရလဒ် မကောင်းခဲ့ရင် ယူနိုက်တက်တို့ဟာ ဒီကာလမှာ နည်းပြသစ် ခေါ်သွားဖို့ ကြိုးစားဖွယ် ရှိနေပါတယ်။

အောက်တိုဘာလ ၃၀၊ စနေနေ့၊ ည ၁၁ နာရီမှာ ယှဉ်ပြိုင်ကစားမယ့် စပါးနဲ့ မန်ယူပွဲအတွက် ပွဲကြို ခန့်မှန်းတွေကို ဘီဘီစီ ဘိုးတော် လော်ရိုးက အခုလို ဟောကိန်းထုတ်သွားပါတယ်။

လော်ရိုးက ” ဆိုးရှားက ယူနိုက်တက်ကို အနိုင်ယူရ ခက်ခဲအောင် လုပ်ပေးရပါမယ်။ ရင်ခုန်စရာကောင်းတဲ့ ဘောလုံးကစားဟန်တို့ ဘာတို့ကို မေ့လိုက်ပါ။ သူတို့က အခုကစပြီး ကျစ်လစ်လာဖို့ လိုပါတယ်။

ယူနိုက်တက်မှာ ရှိနေတဲ့ ကစားသမားတွေနဲ့အတူ သူတို့က ကောင်တာတိုက်စစ်အသင်း ဖြစ်ပါတယ်။ ဖိအားတွေကို ထိန်းချုပ်ပြီး သူတို့ တစ်သင်းတည်းအဖြစ် စတင်ပြီး ကစားသင့်ပါပြီ။

တိုက်စစ်ကစားတာကမှ ယူနိုက်တက်ရဲ့ နည်းလမ်းဆိုတာမျိုးတွေ ကျနော်ကို လာမပြောကြပါနဲ့ ဘာလို့လည်းဆိုတော့ ဒီရက်တွေမှာ ဘောလုံးပွဲတွေက ခြားနားကုန်ပါပြီ။ ခံစစ်ကနေ ကစားကွက်တည်ဆောက်ပြီး တိုက်စစ်ကစားဖို့ လိုပါတယ်။ အဲ့တာက သူတို့ကို စစ်မှန်တဲ့ အခြေခံကောင်းတွေ ပေးပါလိမ့်မယ်။

ဆိုးရှားလို ဖိအားတွေအောက် ရောက်နေတဲ့ မန်နေဂျာအတွက် ဒီပွဲက အရဲစွန့်ရတဲ့ ပွဲတစ်ပွဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ်လို့ စပါးကိုယ်တိုင်ကလည်း သူတို့ ဘာသာတောင် အတော်လေး ညံ့ဖျင်းနေသေးတာမို့ ယူနိုက်တက် အနိုင်ရသွားရင် ကျနော်တော့ မအံ့သြပါဘူး ” လို့ ဆိုခဲ့တယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ တော့တင်ဟမ် စပါး ၁-၂ မန်ယူနိုက်တက်