အိုင်ကာဒီ၊ ဒီ တိုမက်စ် တိုက်စစ်ပစ်မှတ်သစ်များ၊ ရော်နယ်ဒို အခြေအနေနဲ့ ယနေ့ည မန်ချက်စတာ ယူနိုက်တက် သတင်းများ

မန်ချက်စတာ ယူနိုက်တက် ဟာ အသင်းကနေ ထွက်ခွာချင်နေတဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ စာချုပ်ကို ဖျက်သိမ်းကို စတင် စဉ်းစားနေပြီ ဖြစ်တယ်လို့ သတင်း ထွက်ပေါ်လာပါတယ်။ တကယ်လို့ စီရော်နယ်ဒိုရဲ့ သဘောထားက လုံး၀ မပြောင်းလဲဘူးဆိုရင် မန်ယူအနေနဲ့ လက်ကျန်အပြောင်းအရွှေ့ရက်အတွင်း စာချုပ်ဖျက်သိမ်းပေးသွားမှာပါ။

တဖက်မှာလည်း မန်ယူက ရော်နယ်ဒို ကို စာချုပ် ဖျက်သိမ်းမယ် ဆိုတဲ့ သတင်းတွေ မှားယွင်းကြောင်း မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူတွေက ငြင်းဆန် ဖြေရှင်းနေပါတယ်။

တိုက်စစ်မှူးသစ် ရှာဖွေ နေတဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ အက်စ်ပန်ညို အသင်း ရှေ့တန်းလူ ရာအူးလ် ဒီ တိုမက်စ် ကို ခေါ်ယူဖို့ ဆွေးနွေး ညှိနှိုင်း နေပြီး ယူရို ၂၅ သန်း ကနေ သန်း ၃၀ အကြား ပေးချေ ရနိုင်တယ်လို့ သိရ ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပီအက်စ်ဂျီ တိုက်စစ်မှူး အိုင်ကာဒီကို ခေါ်ယူဖို့ စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။ ပီအက်စ်ဂျီ ဟာ ဘဏ္ဍာရေး စည်းမျဉ်းနဲ့ ကိုက်ညီဖို့အတွက် အိုင်ကာဒီကို ရောင်းချလိုနေပြီး တိုက်စစ်ပိုင်းကို အားဖြည့်လိုနေတဲ့ မန်ယူက ၎င်းကို စိတ်ဝင်စားလာတာပါ။

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ဟာ မနေ့ က မန်ယူအသင်းသားတွေကို အားလပ်ရက် မပေးဘဲ လေ့ကျင့်ခန်း ဆင်းခိုင်း စေခဲ့သလို ၃၀ ဒီဂရီ စင်တီဂရိတ် ရှိတဲ့ ဗြိတိန် နေရောင်အောက်မှာ ၈ မိုင်ခွဲ နီးပါး ပြေးခိုင်း ခဲ့ပါတယ်။

ယူနိုက်တက် အသင်းရဲ့ အတွင်းပိုင်းက ထွက်ပေါ် လာတဲ့ သတင်းတွေအရ ရော်နယ်ဒို ဟာ အခြား အသင်းသားတွေ၊ နည်းပြအဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေ နဲ့ အေးစက်တဲ့ ဆက်ဆံမှုတွေ ရှိလာခဲ့ပြီး စိတ်မပါ လက်မပါ သွားလာ လှုပ်ရှား နေသူ လို့ ပြောဆို ခံနေရကြောင်း သိရပါတယ်။