ဒီအပတ် နယူး Vs ချဲလ်ဆီးပွဲအတွက် ဘီဘီစီမှ ဘိုးတော် လော်ရိုးရဲ့ ပွဲကြို ခန့်မှန်းချက်

ဥရောပ ချန်ပီယံ ချဲလ်ဆီးဟာ ဒီရာသီ ပရီးမီးယားလိဂ် ၉ ပွဲမှာ ၇ ပွဲ နိုင်ထားခဲ့ပြီး ရမှတ် ၂၂ မှတ်နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

သောမတ်တူချယ်ရဲ့ လက်အောက်မှာ တောက်ပနေတဲ့ ချဲလ်ဆီးဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နော့ဝှစ်ကို ၇-၀ နဲ့ အနိုင်ကစားကာ ချန်ပီယံဆု အတွက် အသင့်ဖြစ်နေကြောင်း ပြသခဲ့ပါတယ်။ ဒီအပတ်မှာတော့ ချဲလ်ဆီးဟာ တန်းဆင်းဇုန်မှာ ရုန်းကန်နေရဆဲ နယူးကာဆယ်ကို ယှဉ်ပြိုင်သွားရမှာဖြစ်တယ်။

ဒီအပတ် စနေနေ့၊ ည ၈း၃ဝ နာရီမှာ ယှဉ်ပြိုင်ကစားမယ့် နယူးကာဆယ်နဲ့ ချယ်ဆီးပွဲအတွက် ဘီဘီစီမှ ဘိုးတော် လော်ရိုးရဲ့ ပွဲကြို ခန့်မှန်းချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

လော်ရိုးက ” နယူးကာဆယ်က ဇယား အဆင့် ၁၃ ကနေ အဆင့် ၁၈ က အသင်းတွေ အားလုံးနဲ့ ယှဉ်ပြိုင်ထားပေမယ့် တစ်ပွဲမှ မနိုင်ပါဘူး။ ဒီတော့ လိဂ်ဖလားကို စိန်ခေါ်မယ့် ရေပန်းစားအသင်း တစ်သင်းဖြစ်တဲ့ ချယ်ဆီးကို သူတို့ ပထမဆုံး အနိုင်ယူသွားမယ်လို့ ကျနော်တော့ တကယ်ကို မထင်မိပါဘူး။

နယူးကာဆယ်တို့က ဝဲလ်ဆန် ပြန်ကစားနိုင်မှာနဲ့ သူတို့အတွက် ဂိုးသွင်းပေးဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။ လူကာကူ မပါဘူးဆိုရင်တောင် ဒီပွဲကို ချယ်ဆီးက သက်သောင့်သက်သာနဲ့ အနိုင်ရသွားသင့်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ နယူးကာဆယ် ဝ-၂ ချယ်ဆီး