မန်ယူကို ဝယ်မယ့် အီလွန်မက်စ်၊ အဆင့် ၁ဝ အောက် ရောက်မယ်လို့ နဗီး သတိပေးမှု၊ ဒီတောမစ် နဲ့ ယနေ့ မန်ယူသတင်းများ စုစည်းမှု
နာမည်ကျော် နည်းပညာလုပ်ငန်းတွေရဲ့ ပိုင်ရှင် ဘီလျံနာ အီလွန်မက်စ်က ရုန်းကန်နေရတဲ့ မန်ချက်စတာ ယူနိုက်တက် ကို သူ ဝယ်ယူမယ် လို့ တွစ်တာကနေ အသိပေးလိုက်တဲ့နောက် သရဲနီ ပရိသတ်တွေ စိတ်လှုပ်ရှားကုန်ကြပါတယ်။
ရော်နယ်ဒိုဟာ အသင်းထရိန်နင်မှာ နည်းပြ တန်ဟက်ရဲ့ high-pressing နည်းစနစ်ကို ဆန့်ကျင် ငြင်းဆန်ခဲ့တယ် လို့ သိရပါတယ်။ နယ်သာလန်သား နည်းပြကြီးရဲ့ နည်းစနစ်ဟာ ရွေ့လျားနေပြီး အားစိုက် အလုပ်လုပ်ရတဲ့ တိုက်စစ် ပုံစံကို သွားနေတာပါ။

မန်ယူအသင်းဟာ အက်စ်ပန်ညိုတိုက်စစ်မှူး ဒီတောမစ်ကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ မန်ယူအနေနဲ့ အသင်းကနေထွက်ခွာဖို့ ဆန္ဒပြင်းပြနေတဲ့ စီရော်နယ်ဒိုရဲ့နေရာမှာအစားထိုးဖို့ ၂၇ နှစ်အရွယ် ကစားသမားကို ကြိုးပမ်းနေတာပါ။ ဒီတောမစ် တန်ကြေးက ယူရိုသန်း ၃၀ ဝန်းကျင် ရှိပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ကစားသမားတွေအတွက် နိဂုံးချုပ်ရာ သင်္ချိုင်းတစ်ခု ဖြစ်လာနေပြီး မန်ယူကို လာဖို့ ဆို ကစားသမားတွေက စဉ်းစားကုန်ကြ တယ်လို့ ဂယ်ရီနဗီးလ် က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဟောင်း ဆိုးလ်ရှားနဲ့ ရန်းနစ်ဂ်တို့ ၂ ယောက်စလုံးဟာ လက်ရှိရာသီကမှ ခေါ်ယူထားတဲ့ အေဂျက်နောက်ခံလူဟောင်း မာတီနက်ဇ်ကို ၎င်းတို့လက်ထက်တုန်းကတည်းက ခေါ်ယူခွင့် ရရှိ ခဲ့ကြပေမယ့် ၅ ပေ ၉ လက်မသာ ရှိနေတဲ့ ကစားသမားရဲ့ အရပ်အမောင်းကြောင့် ခေါ်ယူဖို့ ငြင်းပယ်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
မန်ယူ အနေနဲ့ ရော်နယ်ဒို ကို ရောင်းမယ် ဆိုရင် အပြောင်းအရွှေ့ က ပိတ်ခါနီး ဖြစ်တာကြောင့် အစားထိုး အစီအစဉ် သေချာ ရှိဖို့ လိုတယ်လို့ နဗီးလ်က သတိပေးလိုက်ပြီး ဘာပလန်မှ မရှိရင်တော့ ရာသီကုန်ရင် မန်ယူက အဆင့် ၁၀ အပြင်ကို ရောက်နေနိုင်ပါတယ် လို့ ဆိုသွားခဲ့ပါတယ်။