ဆာလီဘာကို သူနဲ့ မနှိုင်းစေချင်တဲ့ ဖာဒီနန်၊ ပင်နို၊ ဘယ်လာရင်၊ ဖိုဖာနာနဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းများ

အာဆင်နယ် နောက်ခံလူ ဘယ်လာရင် က သူ့ရဲ့စာချုပ်သက်တမ်းကို ဖျက်သိမ်းလိုနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ဘယ်လာရင်ဟာ လက်ရှိမှာ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်း ၁ သောင်းရရှိနေပြီး စာချုပ်ဖျက်သိမ်းကာ အငှား သွား ကစားဖူးတဲ့ ရီးရဲလ်ဘက်တစ်ထံ ပြန်လည်ပြောင်းရွှေ့လိုနေတာပါ။

အာဆင်နယ် ကစားသမားဟောင်း ကီဗင်ကမ်းဘဲလ်က သူ့အသင်းဟောင်းအနေနဲ့ ဗီလာရီးရဲကြယ်ပွင့် ပင်နိုကို ခေါ်ယူနေတဲ့ လုပ်ရပ်ကို ထောက်ခံခဲ့ပါတယ်။ ပင်နိုဟာ ကစားသမားကောင်းဖြစ်ကာ ငယ်ရွယ်ပြီး တိုးတက် နေသေးကြောင်း၊ ပင်နိုဟာ တောက်ပလာမှာဖြစ်ပြီး အာဆင်နယ်က ခေါ်ယူသင့်ကြောင်း ကမ်းဘဲလ်က မှတ်ချက်ပြု ခဲ့ပါတယ်။

မန်ယူဂန္ထင်ဟောင်း ဖာဒီနန်က အာဆင်နယ် နောက်ခံလူ ဆာလီဘာကို သူ့နဲ့ ခိုင်းနှိုင်းနေမှုအပေါ် မကျေမနပ် ဖြစ်ပါတယ်။

“သူက ပရီးမီးယားလိဂ် ဘယ်နှစ်ပွဲ ကစားခဲ့ပြီးပြီးလဲ။ ကျွန်တော်က ဗြိတိန်အပြောင်းအရွှေ့စံချိန်ကိုတောင် ချိုးဖျက်ခဲ့တာပါ။ ဒီကောင်လေးကို အချိန်ပေး စောင့်ကြည့်လိုက်ပါဦး”လို့ ဖာဒီနန်က ဆိုခဲ့ပါတယ်။

စပါးကစားသမားဟောင်း အလန်ဟတ်တန်က အာဆင်နယ်အနေနဲ့ ဘယ်နောက်ခံလူနေရာမှာ ဇင်ချန်ကိုထက်စာရင် တီယာနေးကိုသာ သုံးစွဲဖို့ နည်းပြအာတီတာကို တိုက်တွန်းလိုက်ပါတယ်။ ဘယ်နောက်ခံလူ နေရာမှာ ဆိုရင် ဇင်ချန်ကို ထက် တီယာနေးက ပိုမိုကောင်းမွန်ကြောင်း၊ ဒဏ်ရာရနေတာက တီယာနေးရဲ့ အဓိက ပြဿနာဖြစ်နေကြောင်း ဟန်တတ်က ဆိုခဲ့တာပါ။

အာဆင်နယ်တိုက်စစ်မှူးဟောင်း အူဘာမီယန်ကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ ပရိးမီးယားလိဂ်ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် လည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ အူဘာမီယန်ကို ချဲလ်ဆီးကလည်း ချိတ်ဆက်နေတာပါ။

အာဆင်ဝင်းဂါးဟာ နှစ်ပေါင်းများစွာ သူအရေးပါခဲ့ဖူးတဲ့ ကလပ်ကို ချစ်နေဆဲ ဖြစ်သလို အာဆင်နယ်ကနေ ထွက်ခွာ ခဲ့တာနဲ့ ပတ်သက်ပြီး နည်းနည်း ဝမ်းနည်းသလို ခံစားနေရတုန်းပဲလို့ ပြောဆိုခဲ့ပါတယ်။ ဝင်းဂါးဟာ ၁၉၉၆ ကနေ ၂၀၁၈ အထိ အာဆင်နယ်ကို ကိုင်တွယ်ခဲ့ကာ အကောင်းဆုံး အင်္ဂလန်ဘောလုံးနည်းပြတစ်ယောက်အဖြစ် နာမည်တွင်ခဲ့ပြီး ဂန္တဝင်ဂုဏ်ပုဒ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် ပရိသတ်အုပ်စု တစ်ခုဟာ ချဲလ်ဆီးအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိနေတဲ့ လက်စတာစီးတီးနောက်ခံလူကို အနောက်လန်ဒန်ကလပ်အသင်းအစား အမ်းမရိတ်စ်ကို ပြောင်းရွှေ့လာဖို့ တောင်းဆိုခဲ့ကြပါတယ်။

အာဆင်နယ် အသင်းရဲ့ ဘယ်နောက်ခံလူဟောင်း နာချို မွန်ရီယဲလ် ဟာ ဘောလုံး ကစားသမား ဘဝကနေ အနားယူပြီ ဖြစ်ကြောင်း တရားဝင် ကြေညာ လိုက်ပါတယ်။