ဖိုဖာနာ ပေါင် ၈၅ သန်း၊ ပူလီဆစ်ကို အငှားခေါ်လိုတဲ့ မန်ယူ၊ အူဘာကိစ္စ ဆွေးနွေးမှာနဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ

ချဲလ်ဆီး အသင်းဟာ အင်တာမီလန်မှ ဆယ်ကျော်သက် ကွင်းလယ်ကြယ်ပွင့်လေး ကာဆာဒီ ကို ခေါ်ယူနိုင်လိုက်ပြီ လို့ နာမည်ကျော် အပြောင်းအရွှေ့ သတင်းထောက် ရိုမန်နိုက အတည်ပြု သွားပါတယ်။ ပြောင်းရွှေ့ကြေး က ယူရို ၁၅ သန်း + ထပ်ဆောင်း ဘောနပ်စ် ယူရို ၅ သန်း လို့ ဆိုပါတယ်။

ချဲလ်ဆီး အသင်းဟာ ဘာစီလိုနာတိုက်စစ်မှူး အူဘာမီယန်ကိုခေါ်ယူဖို့ ဒီတစ်ပတ်အတွင်း ဆွေးနွေးမှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးပိုင်ရှင် တော့ဒ်ဘိုလေးကိုယ်တိုင်က အူဘာမီယန်နဲ့ ပုဂ္ဂိုလ်ရေးအရ ဆွေးနွေးမှုတွေ ပြုလုပ် သွားမှာပါ။

ဘာစီလို က သူတို့ရဲ့တိုက်စစ်မှူး အူဘာမီယန်အတွက် ယူရိုသန်း ၃၀ ဈေးသတ်မှတ်ထားပါတယ်။ ချဲလ်ဆီးဟာ ဘာစီလိုနာဘက်ကအလိုရှိနေတဲ့ နော်ကခံလူ အလွန်ဆိုကို အလိုက်ပေးကာ ပြောင်းရွှေ့ကြေးကို လျှော့ချေပေးဖို့ အလိုရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ချဲလ်ဆီး တောင်ပံတိုက်စစ်သမား ပူလီဆစ်ကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အမေရိကန် လက်ရွေးစင် ကစားသမားကို နယူးကာဆယ်၊ ဂျူဗင်တပ်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ကလည်း အလိုရှိနေတာပါ။

ဝက်စ်လေ ဖိုဖာနာ ကတော့ ချယ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ လိုလားကြောင်း သူ့လက်ရှိကလပ် လက်စတာစီးတီးထံ အကြောင်းကြားခဲ့ပြီ ဖြစ်ပါတယ်။ လက်စတာကတော့ သူတို့ ခံစစ်သမားအတွက် စံချိန်တင်ကြေး ပေါင် ၈၅ သန်း အလိုရှိနေပါတယ်။

ဝက်စ်ဟမ်းအနေနဲ့ ချဲလ်ဆီးဘယ်နောက်ခံလူ အီမာဆင်ကို ခေါ်ယူဖို့အတွက်ချိတ်ဆက်မှုတွေ ပြုလုပ်လျက်ရှိနေပါတယ်။ ချဲလ်ဆီးဟာ သူတို့ရဲ့ ဘယ်နောက်ခံလူ အီမာဆင်ကို ပေါင် ၁၃ သန်းနဲ့ရောင်းထုတ်သွားမှာဖြစ်ပါတယ်။ အီမာဆင်ဟာ လွန်ခဲ့တဲ့ရာသီတုန်းက လိုင်ယွန်မှာ အငှားနဲ့ ကစားခဲ့သူဖြစ်ပါတယ်။