အိုဒွိုင်းကို ချိန်လာခြင်း၊ ဘုန်းမောက်ပွဲ ပေါမာဆန် ခန့်မှန်းရလဒ်၊ လက်မလျှော့သေးတဲ့ တိုင်လီမန်းစ်နဲ့ ယနေ့ အာဆင်နယ် သတင်းများ
ပေါမာဆန်ကတော့ ဒီတပတ် ဘုန်းမောက်ကို အဝေးကွင်း သွားရင်ဆိုင်မယ့် ပွဲမှာ အာဆင်နယ် တို့ ၃-၁ နဲ့ အနိုင်ရပြီး ၃ပွဲကစား ၃ပွဲနိုင် မှတ်တမ်း ရယူလိမ့်မယ် လို့ သုံးသပ်ခန့်မှန်းသွားပါတယ်။
အာဆင်နယ်အနေနဲ့ လန်ဒန်မြို့ခံပြိုင်ဘက် ချဲလ်ဆီးတောင်ပံကစားသမား အိုဒွိုင်းကို ခေါ်ယူဖို့ အလေးသာနေတယ်လို့ သိရပါတယ်။ အင်္ဂလန် ကစားသမားဟာ စတမ်းဖို့ဘရစ်ချ်ကနေ ထွက်ခွာပြီး ပုံမှန်ကစားခွင့်ရတဲ့အသင်းကို ပြောင်းရွှေ့လိုနေတာပါ။
အာဆင်နယ် ဂန္ထဝင်ကစားသမားကြီး အီယန်ရိုက်ကတော့ ပရီးမီးယားလိဂ်နောက်ခံလူတွေဟာ အာဆင်နယ် တိုက်စစ်မှူး ဂျေဇူးနဲ့ ရင်ဆိုင်ပြီးတဲ့အခါ အနားယူဖို့ စဉ်းစားနေမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ “အီဗန်ကိုကျွန်တော် မလေးစားတာ မဟုတ်ပါဘးူး။ ဒီလိုပွဲမျိုး ကစားပြီးတဲ့အခါ ‘ငါ့အနေနဲ့ အနားယူဖို့ စဉ်းစားဖို့ လိုအပ်နေပြီလား’ဆိုပြီး စတင် စဉ်းစားနိုင်ပါတယ်”လို့ အီယန်ရိုက်က ဖွင့်ဟခဲ့ပါတယ်။

ဘရိုက်တန်ကွင်းလယ်ကြယ်ပွင့် ကိုင်စီဒိုကို ခေါ်ယူချင်တဲ့အသင်းတွေထဲမှာ အာဆင်နယ်လည်း ပါဝင်လာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၀ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်အနေနဲ့တောက်ပတဲ့ အလားအလာရှိသူအဖြစ် သတ်မှတ် ခံထားရပြီး ဘရိုက်တန်ကတော့ သူ့ကို ရောင်းထုတ်လိုခြင်း မရှိပါဘူး။
စပါးကစားသမားဟောင်း အလန်ဟတ်တန်က အာဆင်နယ်အနေနဲ့ ဘယ်နောက်ခံလူနေရာမှာ ဇင်ချန်ကိုထက်စာရင် တီယာနေးကိုသာ သုံးစွဲဖို့ နည်းပြအာတီတာအား တိုက်တွန်းလိုက်ပါတယ်။ ဘယ်နောက်ခံလူနေရာမှာဆိုရင် ဇင်ချန်ကိုထက် တီယာနေးက ပိုမိုကောင်းမွန်ကြောင်း၊ ဒဏ်ရာရနေတာက တီယာနေးရဲ့ အဓိက ပြဿနာဖြစ်နေကြောင်း ဟန်တတ်က ဆိုခဲ့တာပါ။
အပြောင်းအရွှေ့ရေးရာ ကျွမ်းကျင်သူု ဒိန်းဂျုံးစ်ရဲ့ ဖွင့်ဟချက်အရ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အနေနဲ့ လက်စတာကွင်းလယ်လူ တိုင်လေမန့်စ်ကိုခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။လက်စတာဟာ သူတို့ရဲ့ကွင်းလယ်ကြယ်ပွင့်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၂ သန်းအလိုရှိနေပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ကီဗင်ကမ်းဘဲလ်က အာဆင်နယ်ကွင်းလယ်လူ ဂျာကာအနေနဲ့ ဒီရာသီမှာ အများကြီး တိုးတက်လာခဲ့တယ်လို့ မှတ်ချက်ပြု ချီးကျူးခဲ့ပါတယ်။ ဂျာကာက ဒီရာသီမှာ ပုံမှန်ထက်တိုက်စစ်ပိုင်းကို ပိုမို လိုက်ပါတာ တွေ့မြင်ရကြောင်း၊ ဒါကို အာဆင်နယ်ကို ပိုကောင်းလာစေကြောင်း ကမ်းဘဲလ်က ဆိုခဲ့ပါတယ်။
အာဆင်နယ် ကစားသမားဟောင်း ကီဗင်ကမ်းဘဲလ်က အာဆင်နယ်နည်းပြအာတီတာရဲ့ အသင်းအပေါ် ကိုင်တွယ်ပုံတွေနဲ့ ပတ်သက်ပြီး ချီးကျူးခဲ့ပါတယ်။ All or Nothing ကိုကြည့်ပြီး အာဆင်နယ် က လူငယ်အစုအဖွဲ့နဲ့ အတူ အကောင်းဆုံး ကြိုးပမ်းနေတယ်ဆိုတာ တွေ့မြင်ရတယ်လို့ ကမ်းဘဲလ်က ဆိုခဲ့ပါတယ်။