ရောက်လာတော့မယ့် ကတ်စ်မဲရိုး၊ ဒေါ့မွန် ပြောင်းဖို့ ကြိုးစားနေတဲ့ ရော်နယ်ဒိုနဲ့ ယနေ့ည မန်ချက်စတာ ယူနိုက်တက် သတင်းများ
ရီးရဲမက်ဒရစ် ကွင်းလယ်လူ ကက်စမဲရိုး ဟာ မန်ချက်စတာ ယူနိုက်တက် ကို လာမယ့် ရက်ပိုင်း အတွင်း ပြောင်းရွှေ့ လာတော့မယ်လို့ သတင်းတွေက အခိုင်အမာ ဖော်ပြလာခဲ့ပြီ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် ဟာ ကက်စမဲရိုး အတွက် ယူရို သန်း ၆၀ နဲ့ အထက် (အပိုဆုကြေး ၁၀ သန်း) ပေးချေ ရဖို့ ရှိနေပြီး ဘရာဇီးသားဟာ အိုးထရက်ဖိုဒ့် ကလပ် နဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုမယ်လို့ သိရပါတယ်။

ရီးရဲမက်ဒရစ်ကလည်း မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့တော့မဲ့ ကက်စမဲရိုးရဲ့နေရာမှာ အစားထိုးဖို့အတွက် နယူးကာဆယ် ကွင်းလယ်လူ ဂွီမာရေ့စ်ကို ပစ်မှတ်ထားလျက်ရှိနေပါတယ်။
မန်ယူအသင်းဟာ ဟာ အေဂျက် တောင်ပံ ကစားသမား အန်တိုနီ ကိုလည်း ယူရို သန်း ၈၀ နဲ့ ကမ်းလှမ်း ခဲ့ပေမယ့် ပယ်ချခံလိုက်တာကြောင့် PSV တောင်ပံ ကစားသမား ကိုဒီဂတ်ပို ဘက်ကို ပြောင်းလဲ ချဉ်းကပ်ဖို့ စီစဉ်နေတယ်လို့ သတင်း သိရပါတယ်။
ဂျာမန် ဘောလုံး သတင်းဌာန BILD ရဲ့ ဖော်ပြမှု အရ အေးဂျင့် ဟော့ဂျ် မန်ဒက်စ် ဟာ ခရစ္စတီယာနို ရိုနယ်ဒို ကို ဒေါ့မွန် အသင်းဆီ ပြောင်းရွှေ့ နိုင်ဖို့ အတွက် အားစိုက် လုပ်ဆောင်နေတယ် လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ အပြောင်းအရွှေ့ ပိတ်ခါနီးထိ အသင်းပြောင်းဖို့ ကြိုးစားနေသလို မန်ယူမှာလည်း အဆင်ပြေနေခြင်း မရှိပါဘူး။

မန်ယူနိုက်တက် ဟာ နာပိုလီ ရဲ့ မက္ကဆီကို တောင်ပံ ကစားသမားလေး ဟာဗေး လိုဇာနို ကိုလည်း စိတ်ဝင်စား နေတယ်လို့ အီတလီ ဂျာနယ်လစ် ဂီယန်လူကာ ဒီမာဇီယို က ဖော်ပြသွားခဲ့သလို အက်သလက်တီကို မက်ဒရစ် တောင်ပံ ကစားသမား ကာရက်စ်ကို ကိုလည်း စိတ်ဝင်စားမှု ရှိနေတယ်လို့ သိရှိရ ပါတယ်။
ပြင်သစ်ကလပ် မာဆေး အသင်းကတော့ မန်ယူနိုက်တက် ခံစစ်မှူး အဲရစ် ဘိုင်လီ ကို အငှား နဲ့ ခေါ်ယူနိုင်ဖို့ ဆွေးနွေး ပြောဆိုနေတယ်လို့ သိရပါတယ်။