ပူလီဆစ် အတွက် မက်ဂွဲရား ပြန်တောင်းခြင်း၊ ခြင်္သေ့ပြာသစ် ကာဆာဒီ၊ အူဘာ၊ ဖိုဖာနာတို့နဲ့ ယနေ့ ချဲလ်ဆီး သတင်းများ စုစည်းမှု

ချဲလ်ဆီးအသင်းဟာ မန်ချက်စတာ ယူနိုက်တက်မှာ ဝေဖန်မှုတွေ အတော် ရင်ဆိုင်နေရတဲ့ အသင်းခေါင်းဆောင် မက်ဂွဲရားကို ခေါ်ယူရန် စုံစမ်းမှုတွေ ပြုလုပ်လာကြောင်း သိရပါတယ်။ ချဲလ်ဆီးက မန်ယူ အလိုရှိနေတဲ့ ပူလီဆစ်ရဲ့ အပြောင်းအရွှေ့မှာ မက်ဂွဲရားကို ထည့်သွင်းဖို့ ကြိုးစားနေကြောင်း ဒေးလီးမေးလ် သတင်းက ဆိုပါတယ်။

ချဲလ်ဆီးက အင်တာမီလန်လူငယ်ကွင်းလယ်ကစားသမား ကာဆာဒီကို ခေါ်ယူနိုင်ခဲ့ပြီလို့ မနေ့ညက တရားဝင် ကြေညာခဲ့ပါတယ်။ ကာဆာဒီ အတွက် ချဲလ်ဆီးက ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်းနဲ့ ထပ်ဆောင်း အပိုဆုကြေး ယူရို ၅ သန်း ပေးချေသွားမှာဖြစ်ပြီး ခြောက်နှစ်စာချုပ် ချုပ်ဆိုသွားမှာပါ။

စပါးနဲ့ ပွဲမှာ VAR ဒိုင် ဖြစ်ခဲ့တဲ့ မိုက်ဒင်းက ကူကူရယ်လာ ဆံပင်ဆွဲခံရတဲ့ ဖြစ်ရပ် အတွက် ကွင်းလယ်ဒိုင်ကို VAR လာကြည့်ဖို့ မပြောခဲ့မိတဲ့ ဆုံးဖြတ်ချက်က မှားယွင်းခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ တူချယ်ကတော့ အခုမှ မှားကြောင်း ပြောလာတဲ့ မိုက်ဒင်းကို မကျေနပ် ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ လန်ဒန်ဒါဘီမှ ထုတ်ပယ်ခံရတဲ့ ချဲလ်ဆီးနည်းပြ တူချယ်နဲ့ စပါးနည်းပြ ကွန်တီတို့ဟာ တစ်ပွဲ ပယ်ခံရပြီး ဒဏ်ကြေးလည်း အသီးသီး ပေးဆောင်ရဦးမှာပါ။

လက်စတာ နည်းပြ ဘရန်ဒန် ရော်ဂျာစ် က ရှေ့၂ပတ်ကကဲ့သို့ လေသံမပြောင်းခဲ့ပဲ ဖိုဖာနာ ဟာ ၎င်းတို့ ရောင်းချဖို့ ကစားသမား မဟုတ်ကြောင်း တုန့်ပြန်ရင်း ဖိုဖာနာရဲ့ အပြောင်းအရွှေ့ ကောလဟလတွေဟာ ၎င်းတို့ရဲ့ ရာသီသစ် အတွက် အာရုံစိုက်မှု အပေါ် အနှောင့်အယှက် ဖြစ်စေကြောင်း ဝန်ခံခဲ့ပါတယ်

အပြောင်းအရွှေ့ဂုရုကြီး ဖာဘရီဇီယိုက ချဲလ်ဆီးအနေနဲ့ ဘာစီလိုနာတိုက်စစ်မှူး အူဘာမီယန်ကို ခေါ်ယူဖို့ အလွန် ဖြစ်နိုင်ချေ ရှိနေကြောင်း၊ ချဲလ်ဆီးအနေနဲ့ အူဘာမီယန်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှု ရရှိဖို့က ပြဿနာ မဟုတ်ကြောင်း၊ ချဲလ်ဆီးအနေနဲ့ ဘာစီလိုနာနဲ့သာ ပြောင်းရွှေ့ကြေး အဓိကညှိနှိုင်းရမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဘရိုက်တန်အနေနဲ့ ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် ဂယ်လ်မောကို ခေါ်ယူလိုနေတယ်လို့ ဒေးလီးမေးလ် သတင်း က ဖော်ပြထားပါတယ်။ ဘရိုက်တန်အနေနဲ့ ထွက်ခွာဖွယ်ရှိနေတဲ့ ကိုင်စီဒိုရဲ့နေရာမှာ အစားထိုးဖို့ ပစ်မှတ် ကစားသမားရှာဖွေနေပြီး ဂယ်လ်မောကို မျက်စီကျနေတာပါ။

အင်တာမီလန် အသင်းကတော့ ချဲလ်ဆီး လူငယ် ကစားသမားလေး ချာလိုဘတ် ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။