ဒီအပတ် လက်စတာ Vs အာကြီးပွဲအတွက် ဘီဘီစီမှ ဘိုးတော် လော်ရိုးရဲ့ ပွဲကြို ခန့်မှန်းချက်
အာဆင်နယ်အသင်းဟာ ဒီတပတ်မှာ ပရီးမီးယားလိဂ် ပွဲ အဖြစ် လက်စတာကို အဝေးကွင်း ကင်းပါဝါကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲချိန် ကတော့ မနက်ဖြန် အောက်တိုဘာလ ၃၀၊ စနေနေ့၊ ညနေ ၆ နာရီ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ လော်ရိုးကတော့ လက်စတာနဲ့ အာဆင်နယ်တို့ ပွဲ အတွက် အခုလို သုံးသပ်ထားပါတယ်။
” ကျနော်ကတော့ အာဆင်နယ်ကို မယုံကြည်သေးပါဘူး။ အထူးသဖြင့် အဝေးကွင်းမှာပေါ့။ သူတို့က ကောင်းမွန်တဲ့ အရေးမနိမ့်တဲ့ မှတ်တမ်းတွေ ရလာခဲ့ပေမယ့် သူတို့က အနိုင်ယူဖို့ မျှော်လင့်လို့ မရတဲ့ ဘယ်သူကိုမှ အနိုင်မယူထားနိုင်ပါဘူး။ သူတို့ရဲ့ နိုင်ပွဲတွေက နော်ဝစ်ချ်၊ ဘန်လေ၊ ဝမ်ဘယ်တန်၊ အက်စတွန်ဗီလာနဲ့ လိဒ်တို့ပါ။

အိမ်ကွင်းမှာ ရင်ဆိုင်ပြီး ပဲလေစ့်ကို သရေကျတာကလည်း သူတို ကံကောင်းလို့ပါ။ သူတို့ထံက ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်တွေ ပြသတာကို မြင်လာရဦးမှာပါ။
လက်စတာက ဘရိုက်တန်ကို နိုင်တဲ့ ကာရာဘောင်းပွဲမှာ ဗာဒီကို အနားပေးထားတယ်။ သူက အနားရထားပြီး ဒီပွဲအတွက် အားပြည့်နေကာ အဆင်သင့်ဖြစ်နေပါမယ်။ သူ ဂိုးသွင်းနိုင်မယ်လို့ ကျနော် ထင်နေတယ်။ ” လို့ လော်ရိုးက ဆိုပါတယ်။
လော်ရိုး ခန့်မှန်းရလဒ် ကတော့ လက်စတာ ၂-၁ အာဆင်နယ် ဖြစ်ပါတယ်။