အငှားထွက်မယ့် ပီပီ၊ ကြိုးစားတဲ့ ဂျေးဆု၊ ဘယ်လာရင်ကို ချိန်လာတဲ့ ဘာစီလိုနာ၊ ဆာကာ စာချုပ်သစ် အခြေနေနဲ့ ယနေ့ အာဆင်နယ် သတင်းများ

နစ်ကိုးလပ်စ် ပီပီဟာ အာဆင်နယ်ကနေ ပြင်သစ်ကလပ် နိုက်စ် အသင်းထံ အငှားနဲ့ ထွက်ခွာဖွယ် ရှိကြောင်း GOAL သတင်းက ဖော်ပြလာပါတယ်။ ကလပ်နှစ်သင်းကြား သဘောတူညီမှု မရသေးပေမယ့် ဆွေးနွေးညှိနှိုင်းနေကြတယ် လို့ သိရပါတယ်။

ဂျေးဆုဟာ ပါးမီးရပ်စ် အသင်းမှာ ကစားစဉ်က အသင်းလေ့ကျင့်ရေးအစီအစဉ်တွေမှာ နောက်ကျမှ ပြန်လေ့ရှိတာ ကြောင့် တစ်ခါတလေ အနားယူဖို့တောင် သတိပေးရတတ်တယ်လို့ ဘရာဇီးသားကို နည်းပြ ကိုင်တွယ်ခဲ့တဲ့ နည်းပြ ကူကာက ဖွင့်ဟခဲ့ပါတယ်။ ဂျေးဆုဟာ အာဆင်နယ်မှာလည်း ဒီရာသီ ပရီးမီးယားလိဂ် (၂) ပွဲ ကစားပြီး (၂) ဂိုးသွင်း၊ (၂) ဂိုး ဖန်တီးပေးထားပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက လူငယ်ကြယ်ပွင့်ဆာကာရဲ့စာချုပ်သက်တမ်း အခြေအနေနဲ့ ပတ်သက်ပြီး ဖွင့်ဟချက် ပြုလုပ်ခဲ့ပါတယ်။ သူ့အနေနဲ့ ဆာကာကို သက်တမ်းတိုးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း၊ ဒါပေမဲ့ ဒိလိုအရာတွေက အချိန်ယူရကြောင်း အာတီတာက ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်လူငယ် ကွင်းလယ်လူ လိုကွန်ဂါဟာ ဒီရာသီအတွက် နည်းပြအာတီတာရဲ့ အစီအစဉ်ထဲမှာ ပါဝင်ခြင်း မရှိဘူး လို့ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားကို အာဆင်နယ်က အငှားချဖို့ ပြင်ဆင်နေပြီး အေစီမီလန်က စိတ်ဝင်စားနေပါတယ်။

ဘရာဇီးဂန္ထဝင်တိုက်စစ်ကစားသမားဟောင်း ရော်နယ်ဒင်ဟိုက အာဆင်နယ်အနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်မှာဖြစ်ကြောင်း၊ အာဆင်နယ်ရဲ့ လက်ရှိပုံစံက အထင်ကြီးစရာကောင်းပြီး မန်စီးတီးနဲ့အပြိုင် ချန်ပီယံဆုကိုပါ စိန်ခေါ်နိုင်စွမ်း ရှိနေကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဘာစီလိုနာ က ညာနောက်ခံလူနေရာအတွက် အာဆင်နယ်နောက်ခံလူ ဘယ်လာရင် ကို ပစ်မှတ်ထားလာခဲ့ပြီ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဘာစီလိုနာဟာ ဒေါ့မွန်က မူနီယာကို ဦးစားပေး ပစ်မှတ်ထားနေပြီး အရန် ပစ်မှတ် အဖြစ် ဘယ်လာရင်ကို ချိန်ရွယ်နေတာပါ။

ကွင်းလယ်လူ ဗီယာရာအနေနဲ့ ကြံ့ခိုင်မှု ပြည့်ဝနေပြီဖြစ်ကြောင်း နည်းပြအာတီတာက ဘုန်းမောက်နဲ့ပွဲမတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြုခဲ့ပါတယ်။ ဗီယာရာဟာ လေ့ကျင့်ဆင်းနေတာ တစ်ပတ်လောက်ရှိပြီဖြစ်ကြောင်း၊ သူဟာ အသင်းအတွက် ရွေးချယ်မှုကောင်းဖြစ်လာစေကြောင်း အာတီတာက ဆိုခဲ့ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ကီဗင်ကမ်းဘဲလ်က တောင်ပံကစားသမား ပီပီ အာဆင်နယ်ကနေ ထွက်ခွာဖို့ တိုက်တွန်းခဲ့ပါတယ်။ ပီပီဟာ အာတီတာရဲ့ အစီအစဉ်ထဲမှာ မပါဝင်တော့ကာ အာဆင်နယ်မှာသူ့အနာဂတ် မရှိတော့ကြောင်း၊ ပီပီဟာ အရည်အသွေးကောင်းသူဖြစ်ပြီး တခြားအသင်းကိုပြောင်းကာ ကစားသမားဘဝကို ပြန်လည် စတင်သင့်ကြောင်း ကမ်းဘဲလ်က ဆိုခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်း အူဘာမီယန်ကို ခေါ်ယူဖို့ အသည်းအသန် ကြိုးပမ်းနေပါတယ်။ ဘာစီလိုနာဟာ သူတို့ရဲ့ တိုက်စစ်မှူးအတွက် ယူရိုသန်း ၃၀ အလိုရှိနေပြီး ချဲလ်ဆီးက အဲဒီပမာဏကို ပေးချေလိုခြင်း မရှိပါဘူး