UEFA စောင့်ကြည့်စာရင်း သွင်းခံရခြင်း၊ ထွက်ခွာလုဆဲဆဲ ပီပီ၊ နီတို၊ တိုင်လီမန်းစ်တို့နဲ့ ယနေ့ အာဆင်နယ် သတင်းများ

အာဆင်နယ်အသင်းဟာ ဥရောပ ဘဏ္ဍရေး စည်းမျဉ်းဖြစ်တဲ့ FFP rules တွေနဲ့ ညိစွန်းနိုင်တဲ့ ကလပ်အသင်း ၂၀ စာရင်းထဲ ပါဝင်နေပြီး UEFA အနေနဲ့တော့ အရေးယူဖို့ စောင့်ကြည့်နေတယ်လို့ The Times သတင်းဌာနက ဖော်ပြထားပါတယ်။

လက်စတာစီးတီးဟာ ဒီနွေ ပထမဆုံး ခေါ်ယူမှု အဖြစ် အာဆင်နယ်မှာ အပယ်ခံ ဖြစ်လာနေတဲ့ နီကိုးလပ်စ် ပီပီ ကို ကြိုးစားလာဖို့ ရှိကြောင်း ပြင်သစ်က သတင်းတွေနဲ့ The Times သတင်းက ဖော်ပြလာပါတယ်။

အာဆင်နယ်အသင်းဟာ ဝုဗ်အသင်းရဲ့ တောင်ပံကစားသမား နီတိုကို ဆွေးနွေးဖို့အတွက် အသင့် ရှိနေပြီး နီကိုးလပ်စ် ပီပီ အရင် ထွက်ခွာဖို့ စောင့်ဆိုင်းနေတယ်လို့ The Athletic သတင်းဌာနက ဆိုပါတယ်။ ပီပီက ပြင်သစ်ကလပ် နိုက်စ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ အာဆင်နယ် ကွင်းလယ်လူ နိုင်းလ်စ်ကို ခေါ်ယူဖို့ ဆွေးနွေးဖွယ်ရှိတယ်လို့ ဒေးလီးမေးလ် သတင်းက ဆိုပါတယ်။ ဝက်စ်ဟမ်းက ကွင်းလယ်လူ လိုအပ်နေပြီး သူတို့ရဲ့ အခြားပစ်မှတ်တွေနဲ့ဆွေးနွေးရာမှာလည်း အောင်မြင်မှု မရှိသေးဘူးလို့ ထိုသတင်းမှာ ဖော်ပြထားပါတယ်။

ဘယ်လ်ဂျီယံသတင်းထောက် ဆန်ချာ တာဗိုလီရီ ကတော့ ဂန်းနားတို့ဟာ တိုင်လီမန်းစ်ကို အသဲအသန် လိုအပ်နေဆဲ ဖြစ်တယ်လို့ ဆိုလာခဲ့ပြီး တိုင်လီမန်းစ်ကို ခေါ်ယူရေးမအောင်မြင်ခဲ့ပါက အေစီကစားသမား တိုနာလီနဲ့ ဘရိုက်တန်ရဲ့ ကိုင်စီဒိုတို့ကို အရံပစ်မှတ်အဖြစ် လျာထားကြောင်း ပြောဆိုလာခဲ့ပါတယ်။

အာဆင်နယ်က ခြေစွမ်းပြနေတဲ့ မာတင်နယ်လီကို စာချုပ်သစ်ချုပ်ဆိုဖို့ပြင်ဆင်နေပြီလို့သိရပါတယ်။ ဘရာဇီးသားလေးဟာ တပတ်ကို ပေါင် ၉သောင်းခန့် ရရှိနေတာဖြစ်ပြီး စာချုပ်သစ်မှာတော့ ပိုမိုမြင့်မားတဲ့ ခံစားခွင့်တွေကိုရရှိဖို့လည်း ရှိနေပါတယ်။