ဒိုလေးကို ဖိတ်ခေါ်တဲ့ နာဆရီ၊ အန်တိုနီ၊ ဒီဂျောင်၊ မက်ဂွဲရားတို့နဲ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းများ

ချန်ပီယံလိဂ် ကစားဖို့ စိတ်ပြင်းပြနေတာကြောင့် မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာလိုတဲ့ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ကို သူ့ရဲ့ အသင်းဟောင်း မာဆေး ထံ လာရောက် ကစားဖို့ ပြင်သစ် ကွင်းလယ်လူဟောင်း နာဆရီ က တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ် ဟာ ဂျာမန် ကလပ် ဖရန့်ဖတ် ရဲ့ ဂိုးသမား ကီဗင် ထရပ် ကို ခေါ်ယူကာ ဒီဂီယာ ရဲ့ နေရာ အတွက် အားပြိုင်စေဖို့ စိတ်ကူးထားပြီး စုံစမ်းချိတ်ဆက်မှု ပြုလုပ်နေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ဒီဂျောင်ကိုခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်ကလည်း ကြိုးပမ်းလာခဲ့ပြီဖြစ်တယ်လို့ စပိန်သတင်းက ဖော်ပြထားပါတယ်။ ဘာစီလိုနာဟာ ဘဏ္ဍာရေးဟန်ချက်ညီစေရန် နယ်သာလန် ကွင်းလယ်လူကို ရောင်းထုတ်လိုနေတာပါ။ ဘိုင်ယန်က ဒီဂျောင်ကို ကနဦး အငှားနဲ့ ခေါ်ယူပြီး အပြီးသတ်ဝယ်ယူခွင့် ထည့်ချုပ်သွားမှာပါ။

မန်ချက်စတာယူနိုက်တက် နောက်ခံလူ မက်ဂွဲရားအနေနဲ့ အသင်းမှာပဲ ဆက်နေဖို့ မျှော်လင့်ထားပါတယ်။ မက်ဂွဲရားကို ချဲလ်ဆီးက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတာပါ။ ဒါပေမဲ့ မက်ဂွဲရားဟာ အသင်းမှာဆက်နေကာ နေရာလုတိုက်ပွဲဆင်နွှဲသွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ဖရန်ကီဒီဂျောင်ကို နောက်ဆုံး အကြိမ် အဖြစ် ထပ်မံ ကမ်းလှမ်းသွားဖို့အတွက် စီစဉ်နေပြီး နည်းပြအဲရစ်တန်ဟက်ကလည်း ဒီဂျောင် ကို အတော်လေးကို အလိုရှိနေတာကြောင့် ဈေးကွက်မပိတ်ခင် အရခေါ်ယူနိုင်ဖို့ တတ်နိုင်သမျှ လုပ်ဆောင်သွားဖွယ် ရှိနေတယ်လို့ စကိုင်းစပေါ့ သတင်းက ဆိုသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ အေဂျက်တောင်ပံတိုက်စစ်ကစားသမား အန်တိုနီအတွက် ပေါင် သန်း ၈၀ နဲ့ နောက်ဆုံးအကြိမ် ထပ်တိုးကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း သတင်းရရှိပါတယ်။

လီဗာပူးကို ၂-၁ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ နည်းပြ တန်ဟက်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်ကို အရန်ခုံမှာ ထားခဲ့ပြီးနောက် မက်ဂွဲရား အနေနဲ့ အမြဲတမ်း အရန်ခုံမှာပဲ ထိုင်ရမှာကို စိုးရိမ်နေပါတယ်။ တန်ဟက်ဟာ ဗဟိုခံစစ်မှာ ဗာရန်းနဲ့ လီဆန်ဒရို မာတီနက်ဇ်တို့ကို ပိုသဘောကျနေတာပါ။

ဒီမာရီယာဟာ မန်ယူအသင်းထံ ငွေကြေးတစ်ခုထဲအတွက်ကြောင့် ပြောင်းရွှေ့ခဲ့ရဖူးခြင်း ဖြစ်ကြောင်း ဇနီးဖြစ်သူက ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။