မန်ယူ နိုင်ပြီလို့ စပါး VS မန်ယူပွဲအတွက် ပေါလ်မာဆန်ရဲ့ အထူး ခန့်မှန်းချက် လာပါပြီ
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီလိုပွဲတွေကနေ လိုချင်တဲ့ ရလဒ်တွေ ရှာနိုင်တဲ့ အသင်းပါ။ ဒါပေမယ့် တကယ်လို့ သူတို့ စပါးကိုသာ ရှုံးပြီး ဆိုးရှားကိုလည်း ဆက်ခေါ်ထားမယ်ဆို သူတို့ ဘယ်မှ မရောက်နိုင်ဘူး၊ ဟုတ်တယ် မလား။
ဒီလိုကြီး ဒရွတ်ဆွဲနေလို့တော့ မရဘူး၊ ခုတောင် နိုဝင်ဘာ ရောက်ပြီ။ ဒါက ရော်နယ်ဒို အပြစ်လည်း မဟုတ်ဘူး။ သူလည်း ဝင် နည်းပြ လုပ်နေတာ မဟုတ်ဘူး။ သူက ခုလောလောဆယ် မရှိသလိုပါပဲ။ ဘောလုံးကိုလည်း မထိနိုင်ဘူး။

အသင်းမှာ သူ့ကို ဆက် ထိန်းထားချင်တယ် ဆိုရင် ကာဗာနီ ဒါမှမဟုတ် ဂရင်းဝုဒ်ကို ရှေ့ပိုလိုက်။ ရော်နယ်ဒို ကို ဘောလုံးပေးပြီး သူ့ဘေးကနေ တခြားသူတွေကို ပြေးခိုင်း။ ကျနော်သာ ဆို ကာဗာနီကို အသင်းလိုက် ကစားပုံထဲ ထည့်ပြီး ရော်နယ်ဒို ကို ဖရီးရိုးလ် အနေနဲ့ လွတ်လွတ်လပ်လပ် ကစားခိုင်းမှာ။
ဒီပွဲက မန်ချက်စတာ ယူနိုက်တက် အတွက် နိုင်ကို နိုင်ရမယ့် ပွဲပါ။ သူတို့က ခက်ခဲတဲ့ အခြေအနေကနေ အမှတ်တွေ ယူနိုင်စွမ်းတော့ ရှိသေးပုံပါပဲ။ ဒါကို ဒီပွဲမှာလည်း မြင်ရဦးမယ် ထင်တယ်။
မန်ချက်စတာ ယူနိုက်တက် ဒီပွဲကို နိုင်မယ်။ အတ္တလန္တာကို ချန်ပီယံလိဂ်မှာ နိုင်ခဲ့သလိုမျိုး ဒီတစ်ပတ်မှာ မြင်ရဦးမယ် ထင်ပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ စပါး 1-2 မန်ယူနိုက်တက်