ဇာဟာ၊ အူဘာအတွက် ပြောင်းရွှေ့ကြေး တိုးပေးခြင်း၊ ဖိုဖာနာ အခြေနေနဲ့ ယနေ့ညပိုင်း ချဲလ်ဆီး သတင်းများ စုစည်းမှု

ချဲလ်ဆီးအသင်းဟာ ဘာစီလိုနာတိုက်စစ်မှူး အူုဘာမီယန်အတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၂၀ နဲ့ ကြေး တိုးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ ချဲလ်ဆီးဟာ အစောပိုင်းတုန်က ယူရို ၁၅ သန်းနဲ့ ကမ်းလှမ်းခဲ့ရာ အငြင်းခံခဲ့ရသေးတာပါ။ ဘာစီလိုနာက အူဘာမီယန် အတွက် ယူရိုသန်း ၃၀ နီးပါး အထိ အလိုရှိနေပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ချဲလ်ဆီးအသင်းရဲ့ ဘယ်နောက်ခံကစားသမား အီမာဆင်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာလိုက်ပါတယ်။ အီတလီသားအတွက် ဝက်စ်ဟမ်းအသင်းဟာ ပေါင် ၁၅ သန်း ပေးချေခဲ့ပြီး ကာလရှည် သက်တမ်းရှိ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

ကာရာဘောင်းဖလား တတိယအဆင့် ပွဲစဉ်တွေ အတွက် မဲခွဲရလဒ်များ ထွက်ပေါ်လာရာ ချဲလ်ဆီးက မန်စီးတီးနဲ့ တွေ့ဆုံနေပြီး အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာပါ။

လက်စတာအသင်းဟာ ချဲလ်ဆီးအသင်း ချိတ်ဆက်နေတဲ့ ဗဟိုနောက်ခံလူ ဝက်စ်လေ ဖိုဖာနာရဲ့နေရာကို အစားထိုးနိုင်ဖို့ရာ စတင်ကြိုးစားနေပြီဖြစ်ပြီး လေဗာကူဆင်အသင်းရဲ့ အက်ဒ်မွန် တက်ပ်ဆိုဘာနဲ့ ပြင်သစ်ကလပ် မိုနာကိုအသင်းရဲ့ လူငယ်ကြယ်ပွင့် ဘီနော့ ဘာဒီယာရှီလ်တို့ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဝယ်ဖရက်ဒ် ဇာဟာဟာ လက်ကျန် အပြောင်းအရွှေ့ ကာလအတွင်းမှာ မထင်မှတ်ဘဲ ထွက်ခွာသွားနိုင်တယ်လို့ သိရပါတယ်။ အိုက်ဗရီကို့စ်သားဟာ ချဲလ်ဆီးအသင်းရဲ့ ပစ်မှတ်တွေထဲကတဦး ဖြစ်နေပါတယ်။

လက်စတာနည်းပြ ရော်ဂျာက သူတို့အနေနဲ့ နောက်ခံလူ ဖိုဖာနာ အတွက် ချဲလ်ဆီးရဲ့ တတိယမြောက်အကြိမ် ်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဖိုဖာနာဟာ လက်စတာကနေ ထွက်ခွာကာ ချဲလ်ဆီးထံ ပြောင်းလိုနေပြီး ဆောက်သမ်တန်နဲ့ပွဲ လူစာရင်းမှာလည်း ပါဝင်ခဲ့ခြင်း မရှိပါဘူး။

အဲဗာတန်အသင်းဟာ တောင်ပံတိုက်စစ်ကစားသမားလေး အန်တိုနီ ဂေါ်ဒွန်အတွက် ချဲလ်ဆီးအသင်းရဲ့ ပေါင်သန်း ၆၀ တန် ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။ တော်ဖီတို့အနေနဲ့ အင်္ဂလန်သားလေးကို အရေးပါတဲ့ ကစားသမားအဖြစ် သတ်မှတ်ထားပြီး မာဆေးဆိုဒ်မှာပဲ ဆက်လက်ထိန်းသိမ်းသွားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီး လူငယ်ကြယ်ပွင့် ဂလယ်ဟာကို ခေါ်ယူလိုတဲ့အသင်းတွေထဲ ဝက်စ်ဟမ်းလည်း ပါဝင်လာခဲ့ပါပြီ။ အဆိုပါ ကွင်းလယ်ကြယ်ပွင့်ကို ပဲလေ့စ်က အပြီးသတ်ပြန်လည်ခေါ်ယူဖို့ကြိုးပမ်းလျက်ရှိနေပြီး ဝက်စ်ဟမ်း ကလည်း ပစ်မှတ်ထားနေတာပါ။