မန်ယူထံ လာချင်နေတဲ့ ဂိုးသမား၊ ဒိုလေးကို မခေါ်တဲ့ မာဆေး၊ ထွက်တော့မယ့် သရဲနီ ၂ဦးနဲ့ ယနေ့ည မန်ချက်စတာ ယူနိုက်တက် သတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ နယူးကာဆယ် ဂိုးသမား ဒူဗရက်ဗ်ကာ ကို အငှား ခေါ်ဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။ သဘောတူညီမှု မရသေးပေမယ့် ဆလိုဗက်ကီးယား ဂိုးသမား ဟာ ဒီဂီယာကို ယှဉ်ပြိုင်စိန်ခေါ်ဖို့ စိတ်ဝင်စားနေပါတယ်။

မာဆေးဥက္ကဋ္ဌ ပါဘလိုက သူတီု့အသင်းနဲ့ စီရော်နယ်ဒိုတို့ရဲ့ အပြောင်းအရွှေ့ကောလဟာလတွေ ထွက်ပေါ်နေတဲ့ အပေါ် စိတ်ပျက် နေပါတယ်။ မာဆေးဟာ စီရော်နယ်ဒိုကို ခေါ်ယူလိုခြင်း မရှိဘဲ ခြားနားတဲ့ ပရောဂျက်နဲ့ အသင်းကို တည်ဆောက်နေတာလို့ အပြောင်းအရွှေ့ဂုရုကြီး ဖာဘရီဇီယိုက ဆိုထားခဲ့ပါတယ်။

သတင်းထောက် ရိုမန်နို အဆိုအရ မန်ယူ အသင်းသား နှစ်ဦး ဖြစ်တဲ့ ဝမ်ဘစ်ဆာကာနဲ့ ဂျိမ်းစ် ဂါနာတို့ကလည်း ဈေးကွက်မပိတ်ခင် ဘိုင်လီနောက် အမှီလိုက်ကာ မန်ချက်စတာ ကလပ်ကနေ ထွက်ခွာမယ် လို့ သိရပတယ်။ ဘိုင်လီက မာဆေးအသင်းထံ အငှားနဲ့ ထွက်ခွာသွားခဲ့ပါပြီ။

အေဂျက် တိုက်စစ်မှုး အန်တိုနီ ရဲ့ အေးဂျင့်တွေဟာ လန်ဒန်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့နိုင်ဖို့ တွန်းအားပေး လုပ်ဆောင်နေတယ် လို့ တယ်လီဂရပ်ဖ် သတင်းက ဖော်ပြလာပါတယ်။

အန်တိုနီ အတွက် ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေး အတွက် ဆွေးနွေးနေဆဲ ဖြစ်ပြီး ယူရို ၉၄ သန်းလောက်နဲ့ သဘောတူညီမှု ရနိုင်တယ် လို့ သိရပါတယ်။ အေဂျက်ကတော့ အန်တိုနီ အတွက် ယူရို သန်း ၁ဝဝ အလိုရှိနေတာပါ။

မန်ချက်စတာယူနိုက်တက်အနေနဲ့ ဖရန့်ဖတ်ဂိုးသမား ကီဗင်ထရစ်ကို ခေါ်ယူတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ တန်ဟတ် အနေနဲ့ ဂိုးသမားပိုင်းကို အင်အားဖြည့်တင်းလိုနေပြီး ၂၃ ၂နှစ်အရွယ် ဂျာမန်ဂိုးသမားကို ပစ်မှတ်ထားခဲ့တာပါ။ ဒါပေမဲ့ ဖရန့်ဖတ်က သူတို့ရဲ့ဂိုးသမားအတွက် ယူရို ၂၅ သန်းတောင်းဆိုခဲ့ရာ မန်ယူက အဲဒီပမာဏကို ပေးချေလိုခြင်း မရှိတာပါ။