ဇန်နဝါရီမှာ ချယ်ဆီးနဲ့ နယူးကာဆယ်တို့က ခေါ်ယူဖို့ မျက်စိကျခံနေရတဲ့ ဟာဇက်
တိုက်စစ်သမား အီဒင် ဟာဇက်ကို ဇန်နဝါရီမှာ ခေါ်ယူလိုနေတဲ့ ပရီးမီးယားလိဂ် ကလပ်အသင်း တော်တော် များများ ရှိနေပြီး အဲဒီထဲကမှ ဖြစ်နိုင်ခြေ အများဆုံးက ဟာဇက် အသင်းဟောင်း ချယ်ဆီးနဲ့ ပိုင်ရှင်သစ် ပြောင်းထားတဲ့ နယူးကာဆယ်တို့ ဖြစ်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
ဟာဇက်က ပြီးခဲ့တဲ့ အပတ် ဘာစီလိုနာနဲ့ အယ်ကလပ်စီကို ပွဲမှာ အရန်ခုံမှာသာ ရှိနေခဲ့ရပြီး နည်းပြ အန်ဆယ်လော့တီက ဟာဇက်မှာ ဘာပြသနာမှ မရှိကြောင်းနဲ့ နည်းပြ တစ်ယောက် အနေနဲ့သာ ပို ကြိုက်တဲ့ ကစားသမား ရွေးချယ် ပွဲထုတ်တာ ဖြစ်ကြောင်း ထုတ်ပြောထားပါတယ်။

ချယ်ဆီးအသင်းထံကနေ ၂၀၁၉ မှာ ဟာဇက်ကို ရီးရဲလ်က ခေါ်ယူခဲ့တာ ဖြစ်ပြီး ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ အပြင် ထပ်တိုး ဆုကြေးတွေလည်း ပါဝင်ပါတယ်။ ဒါပေမယ့် ဟာဇက်က လာလီဂါပွဲ ၂၅ ပွဲသာ ကစားရသေးပြီး ပြိုင်ပွဲစုံ ၅၂ ပွဲ ကစားရာမှာ ၅ ဂိုးသာ ရရှိထားပါတယ်။
စပိန်ရောက်တည်းက ဟာဇက်ဟာ ဒဏ်ရာ ပြသနာတွေနဲ့ ရုန်းကန်နေရတာပါ။ မက်ဒရစ်အသင်းဟာ ဟာလန်းကို နောက်နှစ်နွေမှာ ခေါ်ချင်တာကြောင့် ဘဏ္ဍာရေး အင်အားဖြည့်မှုများ လုပ်လိုနေပြီး ကစားသမား လစာနဲ့ ရောင်းချမှုတွေကို စဉ်းစားလာပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ ဟာဇက်ဟာ အသင်းမပြောင်းလိုသေးဘဲ မက်ဒရစ်မှာ အောင်မြင်အောင် လုပ်လိုကြောင်း ဖွင့်ဟခဲ့တာပါ။ ဒါပေမယ့် နည်းပြကိုယ်တိုင် အကြိုက်မတွေ့လို့ လျစ်လျူရှုခံရတဲ့နောက် အနာဂတ်ကို စဉ်းစားလာဖွယ် ရှိပါတယ်။
ချယ်ဆီးအသင်းဟာ တိုက်စစ်မှာ အင်အားများစွာတော့ ရှိနေသေးပြီး ၎င်းကလည်း ရီးရဲလ်နည်းတူ ဟာလန်းကို အလိုရှိနေတဲ့ အသင်း ဖြစ်ပါတယ်။ နယူးကာဆယ်ကတော့ ပိုင်ရှင်သစ်ပြောင်းပြီးနောက် ကြယ်ပွင့် ကစားသမားတွေ ခေါ်ကာ ဘောလုံးလောကထဲ အင်အားအလုံးအရင်း ဝင်ပြလိုတာ ရှိနေပါတယ်။

ZG
တိုက္စစ္သမား အီဒင္ ဟာဇက္ကို ဇန္န၀ါရီမွာ ေခၚယူလိုေနတဲ့ ပရီးမီးယားလိဂ္ ကလပ္အသင္း ေတာ္ေတာ္ မ်ားမ်ား ရွိေနျပီး အဲဒီထဲကမွ ျဖစ္နိုင္ေျခ အမ်ားဆံုးက ဟာဇက္ အသင္းေဟာင္း ခ်ယ္ဆီးနဲ႕ ပိုင္ရွင္သစ္ ေျပာင္းထားတဲ့ နယူးကာဆယ္တို႔ ျဖစ္တယ္လို႔ သတင္းထြက္ေပၚလာပါတယ္။
ဟာဇက္က ျပီးခဲ့တဲ့ အပတ္ ဘာစီလိုနာနဲ႕ အယ္ကလပ္စီကို ပြဲမွာ အရန္ခံုမွာသာ ရွိေနခဲ့ရျပီး နည္းျပ အန္ဆယ္ေလာ့တီက ဟာဇက္မွာ ဘာျပသနာမွ မရွိေၾကာင္းနဲ႕ နည္းျပ တစ္ေယာက္ အေနနဲ႕သာ ပို ၾကိဳက္တဲ့ ကစားသမား ေရြးခ်ယ္ ပြဲထုတ္တာ ျဖစ္ေၾကာင္း ထုတ္ေျပာထားပါတယ္။
ခ်ယ္ဆီးအသင္းထံကေန ၂၀၁၉ မွာ ဟာဇက္ကို ရီးရဲလ္က ေခၚယူခဲ့တာ ျဖစ္ျပီး ေျပာင္းေရႊ႕ေၾကး ယူရို သန္း ၁၀၀ အျပင္ ထပ္တိုး ဆုေၾကးေတြလည္း ပါ၀င္ပါတယ္။ ဒါေပမယ့္ ဟာဇက္က လာလီဂါပြဲ ၂၅ ပြဲသာ ကစားရေသးျပီး ျပိဳင္ပြဲစံု ၅၂ ပဲြ ကစားရာမွာ ၅ ဂိုးသာ ရရွိထားပါတယ္။
စပိန္ေရာက္တည္းက ဟာဇက္ဟာ ဒဏ္ရာ ျပသနာေတြနဲ႕ ရုန္းကန္ေနရတာပါ။ မက္ဒရစ္အသင္းဟာ ဟာလန္းကို ေနာက္နွစ္ေႏြမွာ ေခၚခ်င္တာေၾကာင့္ ဘ႑ာေရး အင္အားျဖည့္မႈမ်ား လုပ္လိုေနျပီး ကစားသမား လစာနဲ႕ ေရာင္းခ်မႈေတြကို စဥ္းစားလာျပီ ျဖစ္ပါတယ္။
ျပီးခဲ့တဲ့ ဇြန္လတုန္းကေတာ့ ဟာဇက္ဟာ အသင္းမေျပာင္းလိုေသးဘဲ မက္ဒရစ္မွာ ေအာင္ျမင္ေအာင္ လုပ္လိုေၾကာင္း ဖြင့္ဟခဲ့တာပါ။ ဒါေပမယ့္ နည္းျပကိုယ္တိုင္ အၾကိဳက္မေတြ႔လို႔ လ်စ္လ်ဴရႈခံရတဲ့ေနာက္ အနာဂတ္ကို စဥ္းစားလာဖြယ္ ရွိပါတယ္။
ခ်ယ္ဆီးအသင္းဟာ တုိက္စစ္မွာ အင္အားမ်ားစြာေတာ့ ရွိေနေသးျပီး ၄င္းကလည္း ရီးရဲလ္နည္းတူ ဟာလန္းကို အလိုရွိေနတဲ့ အသင္း ျဖစ္ပါတယ္။ နယူးကာဆယ္ကေတာ့ ပိုင္ရွင္သစ္ေျပာင္းျပီးေနာက္ ၾကယ္ပြင့္ ကစားသမားေတြ ေခၚကာ ေဘာလံုးေလာကထဲ အင္အားအလံုးအရင္း ၀င္ျပလိုတာ ရွိေနပါတယ္။