ကပ်စ်မဲရိုး ကျောနံပါတ်၊ ယူရိုပါလိဂ် အုပ်စု၊ စပို့တင်းပြန်ဖို့ လုပ်နေတဲ့ ရော်နယ်ဒိုနဲ့ ယနေ့ည မန်ချက်စတာ ယူနိုက်တက် သတင်းများ
ယူရိုပါလိဂ် အုပ်စုအဆင့် မဲခွဲရလဒ်တွေ ဒီနေ့ ထွက်ပေါ်လာရာ Group E မှာတော့ မန်ယူအသင်း က ရီးရဲလ် ဆိုဆီဒက်စ်၊ ရှာရစ်စ် တီရာစပေါ့လ် နဲ့ အိုမိုနိယီယား တို့နဲ့ အတူ ကျရောက်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် နဲ့ သတင်းကြီး နေတဲ့ အန်တိုနီ ဟာ အသင်းနဲ့ လေ့ကျင့်မှု မပြုလုပ်ပေမယ့် လက်ရှိ အချိန် အထိ အခြေအနေတွေက ပြောင်းလဲခြင်း မရှိသေးဘူးလို့ အေဂျက်စ် နည်းပြကြီး က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ်။
ရီးရဲလ်မက်ဒရစ်ကနေ ပြောင်းရွှေ့လာတဲ့ ကပ်စ်မဲရိုး ဟာ မန်ချက်စတာ ယူနိုက်တက် မှာ ကျောနံပါတ် ၁၈ ကို ဝတ်ဆင် ကစားသွားမှာ ဖြစ်ပါတယ်။ ကပ်စ်မဲရိုး ဟာ ဒီကနေ့မှာ ယူနိုက်တက် နဲ့ လေ့ကျင့်မှု စတင် ခဲ့ပြီး စနေနေ့မှာ ကစားမယ့် ဆောက်သမ်တန် အသင်းနဲ့ ပွဲမှာ စတင် ပါဝင်လာနိုင်တယ်လို့ သုံးသပ် ထားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ ရီးရဲ မက်ဒရစ် တောင်ပံ ကစားသမား မာကို အဆန်စီရို ကိုလည်း ယူရို သန်း ၃၀ ဝန်းကျင် နဲ့ ကမ်းလှမ်းဖို့ စီစဉ် နေတယ်လို့ သတင်းထွက်လာခဲ့ ပါတယ်။ ဒါပေမယ့် ရီးရဲ နည်းပြ အန်ဆယ်လော့တီ က အဆန်စီရို ကို ဆက်ထိန်းထားဖို့ စိတ်ကူး ရှိနေတယ်လို့ သိရပါတယ်။
နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို ရဲ့ အဆိုအရ ခရစ္စတီယာနို ရော်နယ်ဒို ဟာ အသင်းဟောင်း စပို့တင်း လစ္စဘွန်း ထံ ပြန်လည် ပြောင်းရွှေ့ဖို့ နီးစပ် နေပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ရော်ယ်ဒို ရဲ့ အေးဂျင့် မန်ဒက်စ် ဟာ စပို့တင်း ကို ပြောင်းရွှေ့ဖို့ အတွက် လုပ်ဆောင်နေပြီး လာမယ့် အပတ်ထဲမှာ အပြီးသတ် နိုင်ဖို့ အလားအလာတွေ ရှိနေတယ်လို့ သိရပါတယ်။
စပို့တင်း ဟာ မနေ့ညက ပြုလုပ်ခဲ့တဲ့ ချန်ပီယံလိဂ် မဲခွဲပွဲမှာ ဖရန့်ဖတ် ၊ တော့တင်ဟမ် ဟော့စပါး ၊ မာဆေး အသင်းတို့နဲ့ အတူ တအုပ်စုတည်း ကျရောက်ခဲ့ ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဟာ နယူးကာဆယ် အရန်ဂိုးသမား ဒူဘရာကာ ကို အငှား + ပေါင် ၅ သန်း ဝန်းကျင်နဲ့ အပြီးသတ် ခေါ်ယူခွင့် တို့နဲ့ ကမ်းလှမ်းမှု ပြုလုပ် ထားတယ်လို့ သိရှိရ ပါတယ် ။