ဇာဟာ၊ ဆဲလ်တစ် ကွင်းလယ်ပစ်မှတ်၊ တိုက်စစ်ခေါ်ဖို့ ရှိသေးခြင်းနဲ့ ယနေ့ အာဆင်နယ် သတင်းများ စုစည်းမှု

ဝက်စ်ဟမ်း အသင်းက လိုင်ယွန်က ကစားသမားဖြစ်တဲ့ လူးကပ်စ် ပါကွီတာ ကို ခေါ်ယူဖို့အတွက် ပေါင် သန်း ၅၀ နဲ့ သဘောတူညီချက်ရသွားပြီလို့ စကိုင်းစပေါ့ သတင်းက ဆိုပါတယ်။ ဒီကစားသမားကို အာဆင်နယ် နဲ့ နယူးကာဆယ်တို့ ကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ယူရိုပါလိဂ် အုပ်စုအဆင့် မဲခွဲရလဒ်တွေ ဒီနေ့ ထွက်ပေါ်လာရာ Group A မှာတော့ အာဆင်နယ် အသင်းက PSV၊ ဘိုဘို ဂလင့် နဲ့ FC ဇူးရစ် တို့နဲ့အတူ ကျရောက်ခဲ့ပါတယ်။

အာဆင်နယ် နည်းပြ အာတီတာကတော့ သူတို့ အပြောင်းအရွှေ့က မပြီးဆုံးသေးကြောင်း၊ အငှားထွက်သွားတဲ့ ပေပေ နေရာမှာ တောင်ပံ ကစားသမား တစ်ယောက်ကို အစားထိုးဖို့ ရှာဖွေဖို့ ဖြစ်နိူင်ကြောင်း အရိပ်အမြွက် ပြောကြား လိုက်ပါတယ်။

အက်စတွန်ဗီလာ အသင်း တိုက်စစ်မှူးဟောင်း အဘွန်လဟော် က အာဆင်နယ် အသင်း အနေနဲ့ တောင်ပံ တိုက်စစ် ကစားသမား နီကိုလပ်စ် ပေပေ ကို အငှား ချမယ့် အစား အပြီးသတ် ရောင်းထုတ် လိုက်သင့်တယ်လို့ ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပေပေ ကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူ ခဲ့ပေမယ့် ပရိသတ်တွေ မျှော်လင့် ထားသလို သူ့ရဲ့ လီဂူး ၁ က ခြေစွမ်းကောင်းတွေကို အသင်းထံ ယူဆောင်လာ နိုင်ခဲ့ခြင်း မရှိပါဘူး။

အာဆင်နယ်အနေနဲ့ ပဲလေ့စ်တိုက်စစ် ကစားသမား ဇာဟာကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အာဆင်နယ်ဟာ တောင်ပံတိုက်စစ်ကိုဖြည့်တင်းဖို့အတွက် ပစ်မှတ်ထားနေတာ ပင်နိုနဲ့ နေတို နှစ်ဦးတည်းမဟုတ်ကြောင်း၊ ဇာဟာကလည်း အာဆင်နယ်ရဲ့ပစ်မှတ်ထဲမှာ ပါဝင်နေဆဲဖြစ်ကြောင်း ဒိန်းဂျုံးစ်က ဆိုခဲ့ပါတယ်။

ဆဲလ်တစ်အသင်းရဲ့ ကွင်းလယ်ကစားသမား မတ် အို ရိုင်လေကို ဒေါ့မွန်၊ လီဗာပူးလ်၊ အာဆင်နယ်နဲ့ မန်ယူအသင်း တို့အပါအဝင် ဥရောပထိပ်တန်းကလပ်အသင်း တော်တော်များများက စိတ်ဝင်စားနေကြောင်း သတင်းထွက်နေပါတယ်။ အသက် ၂၁ နှစ်သားဟာ ကွင်းလယ်ခံစစ်၊ ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်တိုက်စစ်တို့မှာ ကစားနိုင်ပြီး အလားအလာ ကောင်းတွေ ပြသနေသူပါ။