တနင်္လာနေ့ နေ့လည်ခင်း နောက်ဆုံး နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ
နည်းပြသစ် အန်စလော့တီနဲ့ ပြန်လည်လက်တွဲဖြစ်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ မနေ့ညက စကော့တလန်မြေမှာ စကော့ထိပ်သီးကလပ် ရိန်းဂျားစ်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲကို ဆင်နွဲခဲ့ပြီး စတီဗင်ဂျရတ်ရဲ့ ရိန်းဂျားစ်အသင်းက ရီးယဲလ်ကို (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ရီးယဲလ်အတွက် တစ်လုံးတည်းသော သွင်းဂိုးကို ရိုဒရီဂိုက သွင်းယူခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ နွေဈေးကွက်အတွင်းမှာ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဂျေဒန်ဆန်ချိုကို ဒေါ့မွန်အသင်းကနေ ခေါ်ယူလိုက်နိုင်ပြီ ဖြစ်ပေမယ့်လည်း အသင်းရဲ့ ဝေးလ်စ် တောင်ပံတိုက်စစ်ကစားသမား ဒင်နီရယ်ဂျိမ်းစ်ကိုတော့ အသင်းကနေ ရောင်းထုတ်သွားမှာ မဟုတ်ပဲ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းသွားမယ်လို့ သိရှိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ အသက်(၂၁)နှစ်သာ ရှိနေသေးတဲ့ ဘရာဇီး တောင်ပံတိုက်စစ်ကစားသမားလေး အန်တိုနီကို အေဂျက်စ်အသင်းကနေ ခေါ်ယူသွားဖို့ ကစားသမားရဲ့အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးနေပြီလို့ သိရှိရပြီး အေဂျက်စ်အသင်းဘက်ကတော့ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားလေးအတွက် ယူရိုသန်း(၃၀)အဖြစ် သတ်မှတ်ထားပါတယ်။
အက်စတွန်ဗီလာအသင်းဟာ လေဗာကူဆင်အသင်းရဲ့ ဂျမေကာ တောင်ပံ တိုက်စစ်ကစားသမား လီယွန်ဘေလီကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်(၂၅)သန်းနဲ့ ကနဦး ကမ်းလှမ်းချက်ကို ပြုလုပ်ခဲ့ပေမယ့် လေဗာကူဆင်အသင်းဘက်ကတော့ ဒီကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချသွားခဲ့တယ်လို့ Daily Mail ကနေ ဖော်ပြသွားခဲ့ပါတယ်။
နယူးကာဆဲလ်ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကစားသမားအင်အားကို မြှင့်တင်နိုင်ဖို့အတွက် နွေဈေးကွက်အတွင်းမှာ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လူ ရော့စ် ဘာကလေကို ခေါ်ယူသွားဖို့ ပြင်ဆင်လျက်ရှိနေပြီး ချယ်လ်ဆီးနည်းပြ တူဟယ်လ်ကလည်း ဘာကလေကို အသင်းမှာ နေရာပေးဖို့ ဆန္ဒမရှိတာကြောင့် ဘာကလေအနေနဲ့ အခုနွေဈေးကွက်အတွင်းမှာပဲ အသင်းပြောင်းရဖွယ် ရှိနေပါတယ်။

ZG
နည္းျပသစ္ အန္စေလာ့တီနဲ႔ ျပန္လည္လက္တြဲျဖစ္ခဲ့တဲ့ ရီးယဲလ္မက္ဒရစ္အသင္းဟာ မေန႔ညက စေကာ့တလန္ေျမမွာ စေကာ့ထိပ္သီးကလပ္ ရိန္းဂ်ားစ္အသင္းနဲ႔ ရာသီႀကိဳေျခစမ္းပြဲကို ဆင္ႏြဲခဲ့ၿပီး စတီဗင္ဂ်ရတ္ရဲ႕ ရိန္းဂ်ားစ္အသင္းက ရီးယဲလ္ကို (၂)ဂိုး(၁)ဂိုးနဲ႔ အႏိုင္ယူခဲ့ၿပီး ရီးယဲလ္အတြက္ တစ္လုံးတည္းေသာ သြင္းဂိုးကို ႐ိုဒရီဂိုက သြင္းယူခဲ့ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ေႏြေစ်းကြက္အတြင္းမွာ အသင္းရဲ႕ အဓိကပစ္မွတ္ျဖစ္တဲ့ ေဂ်ဒန္ဆန္ခ်ိဳကို ေဒါ့မြန္အသင္းကေန ေခၚယူလိုက္ႏိုင္ၿပီ ျဖစ္ေပမယ့္လည္း အသင္းရဲ႕ ေဝးလ္စ္ ေတာင္ပံတိုက္စစ္ကစားသမား ဒင္နီရယ္ဂ်ိမ္းစ္ကိုေတာ့ အသင္းကေန ေရာင္းထုတ္သြားမွာ မဟုတ္ပဲ အသင္းမွာသာ ဆက္လက္ထိန္းသိမ္းသြားမယ္လို႔ သိရွိရပါတယ္။
ဘိုင္ယန္ျမဴးနစ္အသင္းဟာ အသက္(၂၁)ႏွစ္သာ ရွိေနေသးတဲ့ ဘရာဇီး ေတာင္ပံတိုက္စစ္ကစားသမားေလး အန္တိုနီကို ေအဂ်က္စ္အသင္းကေန ေခၚယူသြားဖို႔ ကစားသမားရဲ႕ေအးဂ်င့္ျဖစ္သူနဲ႔ ေဆြးေႏြးေနၿပီလို႔ သိရွိရၿပီး ေအဂ်က္စ္အသင္းဘက္ကေတာ့ သူတို႔ရဲ႕ ၾကယ္ပြင့္ကစားသမားေလးအတြက္ ယူ႐ိုသန္း(၃၀)အျဖစ္ သတ္မွတ္ထားပါတယ္။
အက္စတြန္ဗီလာအသင္းဟာ ေလဗာကူဆင္အသင္းရဲ႕ ဂ်ေမကာ ေတာင္ပံ တိုက္စစ္ကစားသမား လီယြန္ေဘလီကို ေခၚယူဖို႔အတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၂၅)သန္းနဲ႔ ကနဦး ကမ္းလွမ္းခ်က္ကို ျပဳလုပ္ခဲ့ေပမယ့္ ေလဗာကူဆင္အသင္းဘက္ကေတာ့ ဒီကမ္းလွမ္းမႈကို ျငင္းဆန္ ပယ္ခ်သြားခဲ့တယ္လို႔ Daily Mail ကေန ေဖာ္ျပသြားခဲ့ပါတယ္။
နယူးကာဆဲလ္ယူႏိုက္တက္အသင္းဟာ အသင္းရဲ႕ ကစားသမားအင္အားကို ျမႇင့္တင္ႏိုင္ဖို႔အတြက္ ေႏြေစ်းကြက္အတြင္းမွာ ခ်ယ္လ္ဆီးအသင္းရဲ႕ ကြင္းလယ္လူ ေရာ့စ္ ဘာကေလကို ေခၚယူသြားဖို႔ ျပင္ဆင္လ်က္ရွိေနၿပီး ခ်ယ္လ္ဆီးနည္းျပ တူဟယ္လ္ကလည္း ဘာကေလကို အသင္းမွာ ေနရာေပးဖို႔ ဆႏၵမရွိတာေၾကာင့္ ဘာကေလအေနနဲ႔ အခုေႏြေစ်းကြက္အတြင္းမွာပဲ အသင္းေျပာင္းရဖြယ္ ရွိေနပါတယ္။