ဘလွန်းဒီအော ၆ခါ ရထားပေမယ့် မက်ဆီက သိပ်ကြီး မဟုတ်လှပါဘူးလို့ ဝေဖန်လိုက်သူ
မက်ဆီဟာ အသင်းဟောင်း ဘာစီလိုနာမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ခဲ့သလို ဘလွန်းဒီအော ဆု ၆ ကြိမ်နဲ့ ချန်ပီယံလိဂ် ၄ ကြိမ်ရရှိခဲ့တာပါ။ ဒါပေမဲ့လည်း စပိန်မှာ ဘာစီလိုနာနဲ့ ပြနိုင်ခဲ့တဲ့ခြေစွမ်းကို သူ့အသင်းသစ် ပီအက်စ်ဂျီထံ ယူဆောင်လာနိုင်ခြင်း မရှိသေးပါဘူး။
ပီအက်စ်ဂျီ ကစားသမားဟောင်း တစ်ယောက် ဖြစ်တဲ့ အနယ်ကာ မကြာသေးခင် အင်တာဗျူး တစ်ခုမှာ မက်ဆီနဲ့ ပတ်သက်ပြီး ဒီလိုပြောခဲ့ပါတယ်။
”ဒီကနေ့ ကျွန်တော်တို့ဟာ နေမာဆီကနေ တောင်းဆိုနေကြပေမယ့် မက်ဆီကိုလည်း တူညီတဲ့ တောင်းဆိုမှုလုပ်ရမှာပါ။ ရာသီစကတည်းက သူတို့နှစ်ယောက်စလုံး ထူးထူးခြားခြား လုပ်မပြနိုင်သေးဘူး။ ဘလွန်းဒီအော ၆ ကြိမ်ရထားတဲ့ ကစားသမား တစ်ယောက်ဆိုပေမယ့် မက်ဆီက သိပ်ကြီး မထူးခြားပါဘူး”လို့ အနယ်ကာက ဆိုခဲ့တာပါ။
၃၄ နှစ်အရွယ် မက်ဆီဟာ ဘာစီလိုနာအတွက် ၇၇၈ ပွဲမှာ ၆၇၂ ဂိုးတောင် သွင်းနိုင်ခဲ့ပေမယ့် ပီအက်စ် ဂျီမှာတော့ ပြည်တွင်းလီဂူးပြိုင်ပွဲမှာ တစ်ဂိုးမှသွင်းနိုင်ခြင်း မရှိသေးပါဘူး။ မက်ဆီဟာ ချန်ပီယံလိဂ်မှာတော့ ၃ ဂိုးသွင်းယူထားပေမယ့် လီဂူးမှာ အချိန်ထိ ဂိုးမသွင်းနိုင်သေးတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေကြပါတယ်။

ZG
မက္ဆီဟာ အသင္းေဟာင္း ဘာစီလိုနာမွာ ကမာၻ႔အေကာင္းဆုံးကစားသမားျဖစ္ခဲ့သလို ဘလြန္းဒီေအာ ဆု ၆ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ ၄ ႀကိမ္ရရွိခဲ့တာပါ။ ဒါေပမဲ့လည္း စပိန္မွာ ဘာစီလိုနာနဲ႔ ျပႏိုင္ခဲ့တဲ့ေျခစြမ္းကို သူ႔အသင္းသစ္ ပီအက္စ္ဂ်ီထံ ယူေဆာင္လာႏိုင္ျခင္း မရွိေသးပါဘူး။
ပီအက္စ္ဂ်ီ ကစားသမားေဟာင္း တစ္ေယာက္ ျဖစ္တဲ့ အနယ္ကာ မၾကာေသးခင္ အင္တာဗ်ဴး တစ္ခုမွာ မက္ဆီနဲ႔ ပတ္သက္ၿပီး ဒီလိုေျပာခဲ့ပါတယ္။
”ဒီကေန႔ ကြၽန္ေတာ္တို႔ဟာ ေနမာဆီကေန ေတာင္းဆိုေနၾကေပမယ့္ မက္ဆီကိုလည္း တူညီတဲ့ ေတာင္းဆိုမႈလုပ္ရမွာပါ။ ရာသီစကတည္းက သူတို႔ႏွစ္ေယာက္စလုံး ထူးထူးျခားျခား လုပ္မျပႏိုင္ေသးဘူး။ ဘလြန္းဒီေအာ ၆ ႀကိမ္ရထားတဲ့ ကစားသမား တစ္ေယာက္ဆိုေပမယ့္ မက္ဆီက သိပ္ၾကီး မထူးျခားပါဘူး”လို႔ အနယ္ကာက ဆိုခဲ့တာပါ။
၃၄ ႏွစ္အ႐ြယ္ မက္ဆီဟာ ဘာစီလိုနာအတြက္ ၇၇၈ ပြဲမွာ ၆၇၂ ဂိုးေတာင္ သြင္းႏိုင္ခဲ့ေပမယ့္ ပီအက္စ္ ဂ်ီမွာေတာ့ ျပည္တြင္းလီဂူးၿပိဳင္ပြဲမွာ တစ္ဂိုးမွသြင္းႏိုင္ျခင္း မရွိေသးပါဘူး။ မက္ဆီဟာ ခ်န္ပီယံလိဂ္မွာေတာ့ ၃ ဂိုးသြင္းယူထားေပမယ့္ လီဂူးမွာ အခ်ိန္ထိ ဂိုးမသြင္းႏိုင္ေသးတဲ့အေပၚ ေဝဖန္မႈေတြ ရွိေနၾကပါတယ္။