မန်ယူ တိုက်စစ်မှုး ဖြစ်လာတော့မယ့် အန်တိုနီ၊ အီတလီမှာ အမှုပွေနေတဲ့ ပေါ့ဘာနဲ့ ယနေ့ညပိုင်း မန်ချက်စတာ ယူနိုက်တက် သတင်းများ
မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ နွေရာသီ တလျောက်လုံး သတင်းထွက်ခဲ့တဲ့ အေဂျက်စ် တောင်ပံ ကစားသမားအန်တိုနီ ကို ယူရို သန်း ၁၀၀ အထိ ပေးချေ ရမယ့် သဘောတူညီချက် နဲ့ ခေါ်ယူဖို့ နယ်သာလန် ကလပ် နဲ့ မူအားဖြင့်သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။
အန်တိုနီ ရဲ့ အေးဂျင့် ဟာ ဒီကနေ့ မှာ အင်္ဂလန်ကို လာရောက်မှာ ဖြစ်ပြီး မကြာခင် ပိတ်တော့မယ့် အပြောင်းအရွှေ့ အမီ စာရွက်စာတမ်း ကိစ္စတွေ ပြီးပြတ်အောင် လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။
သတင်းထောက် ဖာဘရီဇီယို ရိုမာနို ရဲ့ ဖော်ပြချက် အရ ယူနိုက်တက် ဟာ အန်တိုနီ ကို ၂၀၂၇ ခုနှစ် အထိ စာချုပ်မှာ ဖြစ်ပြီး အပို ၁ နှစ် ထပ်တိုးခွင့်လည်း ပါရှိမယ်လို့ သိရပါတယ်။

အန်တိုနီ အတွက် သဘောတူညီမှု ရ အပြီးမှာ မန်ချက်စတာယူနိုက်တက် ဟာ ဂိုးသမား နေရာ အတွက် နယူးကာဆယ် ရဲ့ မာတင် ဒူဘရာကာ နဲ့ ညှိနှိုင်းမှု ကို အရှိန်မြှင့် သွားမယ်လို့ သိရပါတယ်။ အဲ့ဒိ နောက်မှာတော့ ညာနောက်ခံလူ နဲ့ ကွင်းလယ် နေရာတွေ အတွက် ဆက်လက် လှုပ်ရှားသွားမယ်လို့ သိရှိရပါတယ်။
မန်ယူ၊ လီဗာပူး နဲ့ အာဆင်နယ် အသင်းတို့နဲ့ သတင်းထွက်နေတဲ့ ရူဘင် နီဗက်စ် ကတော့ သူ့အနေနဲ့ ဘောလုံးကိုသာ အာရုံစိုက်နေကြောင်း၊ ဘာဖြစ်လာမလည်းဆိုတာကို မသိကြောင်း ဖြေကြားလိုက်ပါတယ်။
မန်ယူ ကစားသမားဟောင်း ပေါလ် ပေါ့ဘာဟာ အီတလီမြေမှာ ခြိမ်းခြောက်ငွေညှစ်ခံရတဲ့ အမှုကြုံနေပြီး သူ့ အစ်ကို ဖြစ်သူ ပါ ပါဝင်နေတယ်လို့ တိုင်ကြားထားပါတယ်။ တဖက်မှာလည်း ပေါ့ဘာ အကို ဖြစ်သူက ပေါ့ဘာဟာ နိုင်ငံအသင်းဖော် အမ်ဘာပေ ကို ကြည့်မရတာကြောင့် အာဖရိက နတ်ဆရာတွေနဲ့ မကောင်းကြံထားတယ် လို့ ပြန် ဖော်ထုတ်ထားပြန်ပါတယ်။
မန်ယူအသင်းက တိုက်စစ်မှူးဖြစ်တဲ့ အန်တိုနီ မာရှယ်လ်ကို မကြာခင်မှာ စာချုပ်သက်တမ်းတိုးဖို့အတွက် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နွေမှာ သူက ဆီဗီလာမှာ အငှားသွားကစားပြီး ခြေစွမ်းပြနိူင်တာကြောင့် ဖြစ်သည်။