Transfer Deadline အမှီ အာဆင်နယ်အသင်းရဲ့ ဖြစ်နိုင်ဖွယ် ကစားသမား အဝင်၊ အထွက် ကိစ္စများ

လက်ရှိ နွေ အပြောင်းအရွှေ့ ဈေးကွက်ကတော့ လာမယ့် စက်တင်ဘာလ ၁ ရက်၊ ကြာသပတေးနေ့မှာ ပိတ်သိမ်း တော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်က ဈေးကွက် ပိတ်မယ့် နောက်ဆုံးရက် အထိ ကစားသမား အဝင်အထွက် ကိစ္စတွေ ဆက်လက် လုပ်ဆောင်နိုင်နေသေးပြီး ဘာတွေ ဖြစ်လာနိုင်မလဲ စုစည်းဖော်ပြပေးလိုက်ပါတယ်။

ပက်ဒရို နီတို – နီကိုးလပ်စ် ပီပီ ကို အငှားလွှတ်လိုက်ပြီးတဲ့နောက် နည်းပြ အာတီတာက ဈေးကွက်ပိတ်ရက် အမှီ အာဆင်နယ် အသင်းရဲ့ တိုက်စစ်ကို အင်အားဖြည့်လိုနေပါတယ်။ ဒါပေမယ့် အသက် ၂၂ နှစ် အရွယ် တိုက်စစ်သမား အတွက် ဝုဗ်က ပေါင် သန်း ၅ဝ တောင်းဆိုနေပါတယ်။

တိုင်လီမန်းစ် – လက်စတာစီးတီးက တိုင်လီမန်းစ် ကို နောက်နှစ် နွေမှာ အလွတ်နဲ့ လက်လွှတ်ရမှာ စိုးတာကြောင့် တန်ကြေးကို ပေါင် သန်း ၂ဝ ထိ ဈေးချပေးခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ် အနေနဲ့ ဘယ်လ်ဂျီယံသားကို တစ်ကြိမ်သာ နောက်ဆုံးရက် အမှီ ကမ်းလှမ်းမှု ပြုလုပ်ဖို့ လိုနေပါတယ်။

မစ်လန်းနိုင်းစ် – အာဆင်နယ်မှာ အနာဂတ် မရှိတော့တဲ့ မစ်လန်းနိုင်းစ် အတွက် အသင်းသစ် ရှာဖွေရမယ့် အချိန် ရောက်နေပါပြီ။ ၎င်းကို ဝက်စ်ဟမ်းနဲ့ ဆောက်သမ်တန်တို့က စိတ်ဝင်စားနေပါတယ်။

အာဆင်နယ် တိုက်စစ်မှုးဟောင်း အူဘာမီးယန်းကတော့ လန်ဒန် ပြန်ရောက်လာဖို့ များနေပြီး အမ်းမရိတ်ထံသို့ မဟုတ်ဘဲ လန်ဒန်ပြိုင်ဘက် ချယ်ဆီးအသင်းထံ ဖြစ်ပါတယ်။