ထိပ်တန်း ကစားသမား အယောက် ၂၀ ထိ ရှိထားခြင်းနဲ့ ယနေ့ ညပိုင်း ချဲလ်ဆီး သတင်းတိုများ

ချဲလ်ဆီးအနေနဲ့ ဝက်စ်ဘရွန်းကြယ်ပွင့် ကာဒိုဆိုကို ခေါ်ယူဖို့ကြိုးပမ်းလျက် ရှိနေကြောင်း Football Insider က ဖော်ပြထားပါတယ်။ ချဲလ်ဆီးအနေနဲ့ ၁၆ နှစ်အရွယ် ကစားသမားကို ဇန်နဝါရီမှာခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။

ခရစ္စတယ် ပဲလေ့စ်မှာ အငှားနဲ့ကစားနေတဲ့ ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် ဂယ်လဲဟားက သူ့အနေနဲ့ မန်ယူ နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ဆီကနေ ချီးကျူးစကားကြားရတာ ပျော်ရွှင်မိကြောင်း၊ ဒါက သူ့အတွက် ကောင်းတဲ့ လက္ခဏာ ဆောင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ချဲလ်ဆီးကစားသမားဟောင်း ဖာဘရီဂတ်စ်က လက်ရှိ တူချယ်ရဲ့လူစာရင်းဟာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်က ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့ ချဲလ်ဆီးလူစာရင်းထက် များစွာ အရည်အသွေးရှိကြောင်း၊ လက်ရှိ ချဲလ်ဆီးမှာ ထိပ်တန်းကစားသမားချည်း အယောက် ၂၀ လောက်ရှိနေကြောင်း ဆိုခဲ့ပါတယ်။

တိုက်စစ်မှူးလူကာကူရဲ့အေးဂျင့်ကတော့ သူ့ကစားသမားမှာ မန်ယူမှာ ကစားတဲ့ နောက်ဆုံးနှစ် ကတည်းက ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့ကြောင်း၊ လူကာကူဟာ ချဲလ်လ်ဆီးကို နှလုံးသားထဲမှာ အမြဲတမ်း ထည့်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဘာစီလိုနာ နည်းပြသစ် ရာထူးကို ဇာဗီ က တာဝန်ယူဖြစ်ရင် နောက်တန်းကို အားဖြည့်သွားမှာဖြစ်ပြီး ချဲလ်ဆီး ပစ်မှတ်ထားနေတဲ့ ဆီဗီးလ်နောက်ခံလူကွန်ဒီကို ခေါ်ယူသွားဖို့ ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။

ZG

ခ်ဲလ္ဆီးအေနနဲ႔ ၀က္စ္ဘရြန္းၾကယ္ပြင့္ ကာဒိုဆုိကို ေခၚယူဖို႔ႀကိဳးပမ္းလ်က္ ရွိေနေၾကာင္း Football Insider က ေဖာ္ျပထားပါတယ္။ ခ်ဲလ္ဆီးအေနနဲ႔ ၁၆ ႏွစ္အရြယ္ ကစားသမားကို ဇန္န၀ါရီမွာေခၚယူဖုိ႔ ႀကိဳးပမ္းေနတာပါ။

ခရစၥတယ္ ပဲေလ့စ္မွာ အငွားနဲ႔ကစားေနတဲ့ ခ်ဲလ္ဆီးကြင္းလယ္ၾကယ္ပြင့္ ဂယ္လဲဟားက သူ႔အေနနဲ႔ မန္ယူ ေနာက္ခံလူေဟာင္း ဂယ္ရီနဗီးလ္ဆီကေန ခ်ီးက်ဴးစကားၾကားရတာ ေပ်ာ္ရႊင္မိေၾကာင္း၊ ဒါက သူ႔အတြက္ ေကာင္းတဲ့ လကၡဏာ ေဆာင္ေၾကာင္း တုံ႔ျပန္ခဲ့ပါတယ္။

ခ်ဲလ္ဆီးကစားသမားေဟာငး္ ဖာဘရီဂတ္စ္က လက္ရွိ တူခ်ယ္ရဲ႕လူစာရင္းဟာ ၂၀၁၅ ခုႏွစ္နဲ႔ ၂၀၁၇ ခုႏွစ္က ပရီးမီးယားလိဂ္ ဖလားကို ရယူႏုိင္ခဲ့တဲ့ ခ်ဲလ္ဆီးလူစာရင္းထက္ မ်ားစြာ အရည္အေသြးရွိေၾကာငး္၊ လက္ရွိ ခ်ဲလ္ဆီးမွာ ထိပ္တန္းကစားသမားခ်ည္း အေယာက္ ၂၀ ေလာက္ရွိေနေၾကာင္း ဆုိခဲ့ပါတယ္။

တုိက္စစ္မွဴးလူကာကူရဲ႕ေအးဂ်င့္ကေတာ့ သူ႔ကစားသမားမွာ မန္ယူမွာ ကစားတဲ့ေနာက္ဆံုးႏွစ္ကတည္းက ခ်ဲလ္ဆီးကို ေျပာင္းေရႊ႕ဖုိ႔ စဥ္းစားခဲ့ေၾကာင္း၊ လူကာကူဟာ ခ်ဲလ္လ္ဆီးကို နွလံုးသားထဲမွာ အၿမဲတမ္း ထည့္ထားေၾကာငး္ ဖြင့္ဟခဲ့ပါတယ္။

ဘာစီလိုနာ နည္းျပသစ္ ရာထူးကို ဇာဗီ က တာ၀န္ယူျဖစ္ရင္ ေနာက္တန္းကို အားျဖည့္သြားမွာျဖစ္ၿပီး ခ်ဲလ္ဆီး ပစ္မွတ္ထားေနတဲ့ ဆီဗီးလ္ေနာက္ခံလူကြန္ဒီကို ေခၚယူသြားဖို႔ ႀကိဳးပမ္းသြားဖို႔ ရွိေနပါတယ္။