လက်စတာကို နိုင်တာ အားရတဲ့ နည်းပြတန်ဟက်နဲ့ သတိပေးတဲ့ အဲရစ်ဆန်၊ အန်တိုနီ၊ ဂါနာတို့နဲ့ ယနေ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ
မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ကညက ကင်းပါဝါကွင်းမှာ လက်စတာကို သွားရောက် ရင်ဆိုင်ရာ ဆန်ချိုရဲ့ သွင်းဂိုးနဲ့အတူ ၁-ဝနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ပွဲအပြီးမှာ နည်းပြတန်ဟက်က clean sheet နဲ့ နိုင်ပွဲရတဲ့ အပေါ် ကျေနပ် နေပြီး ဒုတိယဂိုး သွင်းနိုင်ခဲ့သင့်တာ လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ဒါ့အပြင် ဒိထက် ခပ်ထက်ထက် ပို ကစားဖို့ လိုသေးကြောင်းနဲ့ တိုးတက်နိုင်စရာတွေ ရှိသေးကြောင်းပါ ဆိုခဲ့ပါတယ်။

လက်စတာကို နိုင်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ အဲရစ်ဆန် က – ” ကျွန်တော်တို့ ပြောင်းလဲနိုင်ဖို့ လိုအပ်တဲ့ အရာတွေ အများကြီးရှိနေတယ်လို့ ထင်မိပါတယ်။ ဒါကို အနိုင် ရလဒ်နဲ့ ကျွန်တော်တို့တွေ ဖာထေးနိုင်ခဲ့ကြပါတယ်။ မိနစ် 90 စာ အတွက် ပြောရရင် ဒါဟာ လှပတဲ့ ပွဲစဉ် တစ်ပွဲ မဖြစ်ခဲ့ရပါဘူး။ ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။
အဲဗာတန် အနေနဲ့ မန်ချက်စတာယူနိုက်တက် လူငယ်ကြယ်ပွင့် ဂျိမ်းဂါနာကို မဖော်ပြတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ခေါ်ယူခဲ့ပါတယ်။ အဲဗာတန်ဟာ ဂျိမ်းစ်ဂါနာကို ၄ နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး အခုနှစ်နွေရာသီမှာ အဲဗာတန်ရဲ့ ၈ ဦးမြောက် ကစားသမားသစ် ခေါ်ယူမှုဖြစ်ခဲ့ပါတယ်။
မန်ယူအသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ နည်းပြတန်ဟက်ရဲ့ တပည့်ကျော် တိုက်စစ်မှုး အန်တိုနီ ကို အေဂျက်ကနေ ခေါ်ယူနိုင်ခဲ့ပြီး တရားဝင် မိတ်ဆက် ကြေညာခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ နယူးကာဆယ်ဂိုးသမား ဒူဘရာကာကို ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ မန်ယူ နည်းပြတန်ဟတ် အနေနဲ့ ဂိုးသမားနေရာကိုပါ အားဖြည့်လိုခဲ့တာဖြစ်ပြီး ၃၃နှစ်အရွယ် ဆလိုဗက်ကီးယား လက်ရွေးစင်ကို ၁ နှစ်အငှားနဲ့ ခေါ်ယူနိုင်ခဲ့တာပါ။
ဒီအပတ် မန်ယူ အာဆင်နယ် ပွဲမတိုင်ခင်မှာ မန်ယူနောက်တန်း ကစားသမားဖြစ်တဲ့ ဂယ်ရီနီဗီးလ် နဲ့ အာဆင်နယ် ပရိတ်သတ် တီဗီ တင်ဆက်သူ ပီရက်စ် မော်ဂန်တို့ တွစ်တာကနေ တစ်ဆင့် ကလိကြ ရိကြရင်းနဲ့ ပေါင် ၁၀၀၀ ကြေး အလောင်းအစား ပြုလုပ်ခဲ့ကြပါတယ်။