ဒီအပတ် မန်ယူနဲ့ အာဆင်နယ် ပွဲအတွက် လောင်းကြေးထပ်နေကြပြီ ဖြစ်တဲ့ နဗီးလ်နဲ့ ပီးယာ့ဇ် မော်ဂန်
မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ် အသင်းတို့ဟာ လာမယ့် တနင်္ဂနွေနေ့ ကျရင် အိုးထရက်ဖိုဒ့်မှာ ထိပ်တိုက် တွေ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းအနေနဲ့ ၆ ပွဲ ဆက်တိုက် အနိူင် ရရှိဖို့အတွက် ပြင်ဆင်မှာ ဖြစ်ပါတယ်။
ပွဲမတိုင်ခင် မန်ယူနောက်တန်း ကစားသမားဖြစ်တဲ့ ဂယ်ရီနဗီးလ် နဲ့ အာဆင်နယ် ပရိတ်သတ် တီဗီ တင်ဆက်သူ ပီရက်စ် မော်ဂန်တို့ဟာ တွစ်တာကနေ တစ်ဆင့် ထိကြ ရိကြရင်းနဲ့ အလောင်းအ စားပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပီရက်စ် မော်ဂန်ကတော့ ‘ငါတို့ ပရီးမီးယားလိဂ်ဖလား လိုချင်ရင် အာဆင်နယ် အနေနဲ့ ဒီကလန်ရိုက်စ် ကို အရ ခေါ်ယူသင့်ပါတယ်။’ ဆိုပြီး ရေသားတာက စတာဖြစ်ပါတယ်။
ဂယ်ရီနဗီးလ်က ‘မင်းတို့ အာဆင်နယ် အိုးထရက်ဖိုဒ့်မှာ ရှုံးလိမ့်မယ်။ ပရီးမီးယားလိဂ် ဖလားကို မေ့လိုက်စမ်းပါ။’ ဆိုပြီး ခနဲ့လိုက်တာ ဖြစ်ပါတယ်။

မော်ဂန် ကတော့ ‘ပေါင် ၁၀၀၀ ကြေး T-Bag ပရဟိတ ကို လှူဖို့ လောင်းမလား’ ဆိုပြီး လောင်းခဲ့တာဖြစ်ပါတယ်။ ဂယ်ရီနဗီးလ်ကလည်း ‘သဘောတူတယ်။ တစ်ကယ်လို့ သရေကျ ရင် တစ်ယောက် ပေါင် ၅၀၀ စီ လှူကြမယ်။’ လို့ ပြန်ဖြေရာမှာ ၂ ယောက်သား သဘောတူညီချက် ရသွားတာဖြစ်ပါတယ်။
မော်ဂန် ကတော့ ၅ ပွဲဆက်နိုင်ပြီးမှာ အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ဖလားရမယ်လို့ ဆိုခဲ့တာလည်းဖြစ်ပါတယ်။ အာဆင်နယ် အနေနဲ့ ရာနှုန်းပြည့် အနိူင်ပွဲ နဲ့ ပရီးမီးယားလိဂ် ဇယားထိပ်မှာ ရပ်တည်နေတာဖြစ်ပြီး မန်စီးတီး ထက် ၂ မှတ် အသာရနေတာ ဖြစ်ပါတယ်။
အာဆင်နယ် အသင်းက မန်ယူအသင်းရဲ့ အိုးထရက်ဖိုဒ့်မှာ ခက်ခဲတဲ့ ပွဲ ရင်ဆိုင်ရဖွယ်ရှိပါတယ်။ အာဆင်နယ် အသင်းက ပြီးခဲ့တဲ့ ၈ ပွဲ အိုးထရက်ဖိုဒ့်မှာ မန်ယူအသင်းကို ရင်ဆိုင်ခဲ့ရာမှာ ၂၀၂၀ နိူဝင်ဘာ တုန်းက အူဘာမီယန်းရဲ့ ပင်နယ်တီနဲ့ ၁ ကြိမ်သာ အနိူင်ရခဲ့တာဖြစ်ပါတယ်။