မန်ယူပရိသတ်တွေ မျက်ခုံးလှုပ်မယ့် စပါးနဲ့ မန်ယူ ပွဲစဉ်အတွက် မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ခန့်မှန်းချက်
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနေ့ စနေနေ့၊ ည ၁၁ နာရီ မှာ တော့တင်ဟမ် စပါးအသင်းကို ပရီးမီးယားလိဂ် ပွဲ အဖြစ် အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဖိအားတွေ သိပ်များနေပြီ ဖြစ်တဲ့ ဆိုးရှား အတွက် ဒီပွဲမှာ မန်ယူနဲ့ နိုင်ပွဲ ယူဖို့ လိုအပ်နေပါတယ်။
နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်က စပါးနဲ့ မန်ယူနိုက်တက်တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဒီရာသီ အစပိုင်းပဲ ရှိသေးပေမယ့် ဒီနှစ်သင်းရဲ့ ဘောလုံးရာသီက ဘယ်လိုဖြစ်လာမလဲ ကြိုသိနေသလို ခံစားရတယ်။ စပါးမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ကျနော် မသိပါဘူး။ သူတို့ကို ကြည့်လိုက်တိုင်းမှာ သူတို့က ပြန်လာမလိုလိုနဲ့ ပြီးရင်လည်း ဝက်ဟမ်းကို ရင်ဆိုင်တုန်းက စိတ်ပျက်စရာ ခြေစွမ်းမျိုး ပြတော့တာပါပဲ။
လီဗာပူးကို ရင်ဆိုင်တုန်းက ခံစစ်ကစားပုံကတော့ မန်ယူရဲ့ အဆိုးဆုံး ပုံစံပါပဲ။ သူတို့ သိပ်ကို ဆိုးရွားခဲ့တယ်။ တိုက်စစ်ကစားပုံတော့ ကောင်းပါတယ်။ ပွဲအစောပိုင်းမှာတင် အခွင့်အရေးတွေ ရခဲ့ပြီး သူတို့ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ အသင်းမှာ ယုံကြည်မှုတွေ ကျဆင်းနေပြီး ရော်နယ်ဒိုက ဒါတွေကို ညိပေးပါလိမ့်မယ်။
မန်နေဂျာနှစ်ဦးလုံးက ဖိအားတွေနဲ့ပါ။ အထူးသဖြင့် အိုလီပေါ့။ မနှစ်တုန်းက ယူနိုက်တက်ဟာ ဒီကွင်းမှာပဲ ၃-၁ နဲ့ အနိုင်ရခဲ့သလို စပါးအိမ်ကွင်းသစ်မှာ သူတို့ မရှုံးဖူးသေးပါဘူး။ မန်ယူကပဲ နှာတစ်ဖျား အသာရမယ်လို့ ထင်ပါတယ်။ ” လို့ အိုဝင် က သုံးသပ်ထားပါတယ်။
မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ် ကတော့ တော့တင်ဟမ် စပါး ၁-၂ မန်ယူနိုက်တက် ဖြစ်ပါတယ်။ အိုဝင် မှန်းရင် ပြောင်းပြန်လှန်တတ်တော့ မန်ယူပရိသတ်တွေ မျက်ခုံးလှုပ်ကောင်း လှုပ်နေလောက်ပါပြီ။

ZG
မန္ခ်က္စတာ ယူနိုက္တက္ဟာ ဒီေန႔ စေနေန႔၊ ည ၁၁ နာရီ မွာ ေတာ့တင္ဟမ္ စပါးအသင္းကို ပရီးမီးယားလိဂ္ ပြဲ အျဖစ္ အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ရေတာ့မွာ ျဖစ္ပါတယ္။ ဖိအားေတြ သိပ္မ်ားေနျပီ ျဖစ္တဲ့ ဆိုးရွား အတြက္ ဒီပြဲမွာ မန္ယူနဲ႕ နိုင္ပြဲ ယူဖို႔ လိုအပ္ေနပါတယ္။
နာမည္ေက်ာ္ တိုက္စစ္မႈးေဟာင္း မိုက္ကယ္အိုဝင္က စပါးနဲ႕ မန္ယူနိုက္တက္တို႔ ပြဲ အတြက္ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။
” ဒီရာသီ အစပိုင္းပဲ ရွိေသးေပမယ့္ ဒီႏွစ္သင္းရဲ႕ ေဘာလုံးရာသီက ဘယ္လိုျဖစ္လာမလဲ ႀကိဳသိေနသလို ခံစားရတယ္။ စပါးမွာ ဘာေတြျဖစ္ေနတယ္ဆိုတာကို က်ေနာ္ မသိပါဘူး။ သူတို႔ကို ၾကည့္လိုက္တိုင္းမွာ သူတို႔က ျပန္လာမလိုလိုနဲ႔ ၿပီးရင္လည္း ဝက္ဟမ္းကို ရင္ဆိုင္တုန္းက စိတ္ပ်က္စရာ ေျခစြမ္းမ်ိဳး ျပေတာ့တာပါပဲ။
လီဗာပူးကို ရင္ဆိုင္တုန္းက ခံစစ္ကစားပုံကေတာ့ မန္ယူရဲ႕ အဆိုးဆုံး ပုံစံပါပဲ။ သူတို႔ သိပ္ကို ဆိုး႐ြားခဲ့တယ္။ တိုက္စစ္ကစားပုံေတာ့ ေကာင္းပါတယ္။ ပြဲအေစာပိုင္းမွာတင္ အခြင့္အေရးေတြ ရခဲ့ၿပီး သူတို႔ ၿခိမ္းေျခာက္ႏိုင္ခဲ့ပါတယ္။ အသင္းမွာ ယုံၾကည္မႈေတြ က်ဆင္းေနၿပီး ေရာ္နယ္ဒိုက ဒါေတြကို ညိေပးပါလိမ့္မယ္။
မန္ေနဂ်ာႏွစ္ဦးလုံးက ဖိအားေတြနဲ႔ပါ။ အထူးသျဖင့္ အိုလီေပါ့။ မႏွစ္တုန္းက ယူႏိုက္တက္ဟာ ဒီကြင္းမွာပဲ ၃-၁ နဲ႕ အႏိုင္ရခဲ့သလို စပါးအိမ္ကြင္းသစ္မွာ သူတို႔ မရႈံးဖူးေသးပါဘူး။ မန္ယူကပဲ ႏွာတစ္ဖ်ား အသာရမယ္လို႔ ထင္ပါတယ္။ ” လို႔ အိုဝင္ က သံုးသပ္ထားပါတယ္။
မိုက္ကယ္အိုဝင္ ခန္႔မွန္းရလဒ္ ကေတာ့ ေတာ့တင္ဟမ္ စပါး ၁-၂ မန္ယူႏိုက္တက္ ျဖစ္ပါတယ္။ အိုဝင္ မွန္းရင္ ေျပာင္းျပန္လွန္တတ္ေတာ့ မန္ယူပရိသတ္ေတြ မ်က္ခံုးလႈပ္ေကာင္း လႈပ္ေနေလာက္ပါျပီ။