ဒီည ချန်ပီယံလိဂ် အဝေးကွင်းပွဲ၊ VAR ကို ကန့်ကွက်မယ့် ဝက်စ်ဟမ်း၊ ဂျိမ်းစ် ပြီးတော့ မောင့်နဲ့ ယနေ့ ချဲလ်ဆီး သတင်းများ စုစည်းမှု
ချဲလ်ဆီးအသင်းဟာ ဒီညမှာ ချန်ပီယံလိဂ် အုပ်စု အဖွင့် ပွဲစဉ် အဖြစ် ဒိုင်နမို ဇာဂရက်ကို ခရိုအေးရှားမှာ သွားရောက် ရင်ဆိုင် ကစားရတော့မှာပါ။ ဒီနှစ်သင်းဟာ ဒီအင်္ဂါနေ့ည ၁၁း၁၅ နာရီမှာ ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။
ဒီပွဲမှာ ချဲလ်ဆီး တိုက်စစ်မှုးသစ် အူဘာမီးယန်း ပါဝင် ကစားရဖွယ် ရှိနေပြီး မေးရိုး ကျိုးထားတဲ့ ဂါဘွန်သားဟာ အကာအကွယ် mask ဝတ်ဆင် ကစားမှာပါ။

ချဲလ်ဆီးသင်းဟာ စီးရီးအေကလပ် Spezia အသင်းထံ အမ်ပဒူ ကို အငှားစေလွှတ်ခဲ့ပြီး အသက် ၂၁ နှစ် အရွယ် ကစားသမားကို ဗဟိုခံစစ်မှာ ထား ကစားစေဖို့ပါ တောင်းဆိုခဲ့ကြောင်း သတင်းထောက် ရိုမန်နို က ဖော်ထုတ်ခဲ့ပါတယ်။ ဒါကြောင့် တစ်နှစ်ကြာလို့ ချယ်ဆီးထံ ပြန်လာရင် အမ်ပဒူဟာ ဗဟိုခံစစ်မှာ ပွဲထုတ်ခံရဖွယ် ရှိပါတယ်။
ဝက်စ်ဟမ်း အသင်းဟာ ပြီးခဲ့တဲ့ အပတ်က ချဲလ်ဆီးနဲ့ ပွဲစဉ်အတွင်းက VAR ဆုံးဖြတ်ချက် အပေါ် တရားဝင် ကန့်ကွက်စာ တင်သွားခဲ့ပြီး နယူးကာဆယ် အပါအဝင် အသင်းအချို့ ကလည်း ပူးပေါင်း ပါဝင်ဖို့ ရှိနေပါတယ်။

ချဲလ်ဆီးအသင်းက ရိစ် ဂျိမ်းစ်ကို ၂၀၂၈ ထိ ရှိစေမယ့် စာချုပ်သစ် တစ်ရပ် ချုပ်ဆိုသွားခဲ့ပြီ ဖြစ်ပါတယ်။ ဂျိမ်းစ်ဟာ လန်ဒန်ကလပ်မှာ အားထားရသူ တစ်ယောက် ဖြစ်လာနေပါတယ်။
ရိစ် ဂျိမ်းစ် ကို စာချုပ် သက်တမ်းတိုး အပြီးမှာတော့ ချဲလ်ဆီး ဟာ မေဆင်မောင့် ကို ကာလရှည် စာချုပ် ချုပ်ဆို နိုင်ဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စနေ တနင်္ဂနွေ တုန်းက Sky Sports မှာ ကစားပွဲ တင်ဆက် သုံးသပ်သူ အဖြစ် ပါဝင်သွားခဲ့တဲ့ ချဲလ်ဆီး နဲ့ မစ်ဒယ်ဘရော့ တိုက်စစ်မှူးဟောင်း ဂျင်မီ ဖလွိုက် ဟယ်ဆယ်ဘင့် ဟာ လိဂ်ဝမ်း ကလပ် ဘာတွန် အယ်လ်ဘီယွန် အသင်းရဲ့ နည်းပြ အဖြစ် ကနေ နှုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။