ဆဲလ်တစ် Vs ရီးရဲလ်မက်ဒရစ် ချန်ပီယံလိဂ်ပွဲအတွက် ပွဲကြို သုံးသပ်နဲ့ ရလဒ်ခန့်မှန်း

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့် ပွဲစဉ်တွေကတော့ ဒီနေ့ညမှာ ပြန်လည်စတင်ပါပြီ။

ဆဲလ်တစ် Vs ရီးရဲလ်မက်ဒရစ်ပွဲအတွက် ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်နဲ့ ခန့်မှန်းချက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဆဲလ်တစ် VS ရီးရဲလ်မက်ဒရစ်

စနေနေ့က ရိန်းဂျားကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ ဆဲလ်တစ်ရဲ့ တိုက်စစ်ကစားဟန်က မန်စီးတီးနဲ့ ဆင်တူပါတယ်။ တိုတောင်းပြီး ပြတ်သားတဲ့ ပေးပို့မှုတွေနဲ့ နောက်တန်းက စတင်တိုက်စစ်ဆင်တာမျိုးပါ။

ဥရောပချန်ပီယံကြီးက သူတို့ဆီ လာကစားမှာဖြစ်လို့ ဆဲလ်တစ်အနေနဲ့ သူတို့ရဲ့ ကစားပုံကို ပြောင်းလဲမှာ မဟုတ်ဘူး။ ရလဒ်ကောင်းရဖို့ မျှော်လင့်ချက်နဲ့ အရဲစွန့်ပါလိမ့်မယ်။

ဆဲလ်တစ်က ရီးရဲလ်မက်ဒရစ်ထက် လျင်မြန်တဲ့ အရှိန်အဟုန်နဲ့ ကစားပါလိမ့်မယ်။ ဒီစကားက ယုတ္တိမရှိသလို ထင်ရပေမယ့် တကယ်လို့ အရာအားလုံးက အစီအစဉ်တကျ ဖြစ်ခဲ့ရင် ဆဲလတစ်က ရီးရဲလ်ကို ဒုက္ခမပေးနိုင်စရာအကြောင်း မရှိပါဘူး။

ဆက်တန်ရဲ့ ခန့်မှန်းရလဒ်။ ။ Celtic 2-2 Real Madrid

Zawgyi

၂၀၂၂-၂၀၂၃ ေဘာလုံးရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ အုပ္စုအဆင့္ ပြဲစဥ္ေတြကေတာ့ ဒီေန႔ညမွာ ျပန္လည္စတင္ပါၿပီ။

ဆဲလ္တစ္ Vs ရီးရဲလ္မက္ဒရစ္ပြဲအတြက္ ခရစ္ဆက္တန္ရဲ႕ ပြဲႀကိဳ သုံးသပ္နဲ႔ ခန႔္မွန္းခ်က္ကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

ဆဲလ္တစ္ VS ရီးရဲလ္မက္ဒရစ္

စေနေန႔က ရိန္းဂ်ားကို ၄-၀ နဲ႔ အႏိုင္ရခဲ့တဲ့ ဆဲလ္တစ္ရဲ႕ တိုက္စစ္ကစားဟန္က မန္စီးတီးနဲ႔ ဆင္တူပါတယ္။ တိုေတာင္းၿပီး ျပတ္သားတဲ့ ေပးပို႔မႈေတြနဲ႔ ေနာက္တန္းက စတင္တိုက္စစ္ဆင္တာမ်ိဳးပါ။

ဥေရာပခ်န္ပီယံႀကီးက သူတို႔ဆီ လာကစားမွာျဖစ္လို႔ ဆဲလ္တစ္အေနနဲ႔ သူတို႔ရဲ႕ ကစားပုံကို ေျပာင္းလဲမွာ မဟုတ္ဘူး။ ရလဒ္ေကာင္းရဖို႔ ေမွ်ာ္လင့္ခ်က္နဲ႔ အရဲစြန႔္ပါလိမ့္မယ္။

ဆဲလ္တစ္က ရီးရဲလ္မက္ဒရစ္ထက္ လ်င္ျမန္တဲ့ အရွိန္အဟုန္နဲ႔ ကစားပါလိမ့္မယ္။ ဒီစကားက ယုတၱိမရွိသလို ထင္ရေပမယ့္ တကယ္လို႔ အရာအားလုံးက အစီအစဥ္တက် ျဖစ္ခဲ့ရင္ ဆဲလတစ္က ရီးရဲလ္ကို ဒုကၡမေပးႏိုင္စရာအေၾကာင္း မရွိပါဘူး။

ဆက္တန္ရဲ႕ ခန႔္မွန္းရလဒ္။ ။ Celtic 2-2 Real Madrid