ဘုရင်မကြီး နာရေးကြောင့် ဖျက်သိမ်းခဲ့တဲ့ ပေါ်တာ မိတ်ဆက်ပွဲ၊ ပက်နဲ့ တယ်ရီတို့ ချီးကျူးမှု၊ တရားဝင် ကြေညာချက်နဲ့ ယနေ့ ချဲလ်ဆီး သတင်းများ
နည်းပြသစ် အဖြစ် ခန့်အပ်ခံလိုက်ရပြီးနောက် ဂရေဟမ် ပေါ်တာက ဒီအသင်းကို တာဝန်ယူရမှာ အတွက် မယုံနိုင်လောက်အောင် ဂုဏ်ယူမိကြောင်းနဲ့ ချဲလ်ဆီး ပရိသတ်တွေ အတွက်လည်း ဂုဏ်ယူရမယ့် အသင်း တစ်သင်း ဖြစ်အောင် ဦးဆောင် ပေးလိုကြောင်း နှုတ်ခွန်းဆက် စကား ဆိုခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဒီအပတ် ပွဲကြို ရှင်းလင်းပွဲနဲ့ အတူ နည်းပြသစ် ဂရေဟမ် ပေါ်တာကို သတင်းမီဒီယာရှေ့ ပွဲထုတ် မိတ်ဆက်ဖို့ ရှိပေမယ့် ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘတ် ၂ ကွယ်လွန်တဲ့ နာရေးကြောင့် ပရီးမီးယားလိဂ် ပွဲများ ရွှေ့ဆိုင်းခဲ့ရပြီး ပေါ်တာ မိတ်ဆက်ပွဲကိုလည်း ဖျက်သိမ်းလိုက်ရပါတယ်။

ချဲလ်ဆီး နည်းပြသစ် ဂရေဟမ် ပေါ်တာနဲ့ ပတ်သတ်ပြီး ဂျွန်တယ်ရီကဒီရာသီ အစောပိုင်းမှာ ” ဂရေဟမ် ပေါ်တာ ဘယ်လိုတောင် ကောင်းလိုက်တာလဲ။ ကျနော် ဘရိုက်တန် ကစားတာကို ကြွေနေပြီ။ သူက လူငယ် မန်နေဂျာတွေထဲ အကောင်းဆုံး သူပဲ။ ကျနော့် အတွက်တော့ သူက လိုအပ်တဲ့ အရည်အသွေးတွေ အကုန် ပြည့်စုံတယ်။ ” လို့ ချီးကျူးခဲ့ပါတယ်။
ပေါ်တာကို မန်စီးတီးနည်းပြ ပက် ဂွာဒီယိုလာကလည်း ပြီးခဲ့တဲ့ရာသီက ထုတ်ဖော် ချီးကျူးခဲ့သေးပြီး ပေါ်တာရဲ့ ဘရိုက်တန် အသင်းနဲ့ယှဉ်ပြိုင် ကစားမယ် ဆိုရင် မန်စီးတီး ခြေစွမ်းက အကောင်းဆုံး အဆင့်မှာ ရှိနေမှာ ဖြစ်မယ် လို့ ဆိုခဲ့ပါသေးတယ်။
ဘုရင်မကြီး သတင်းနဲ့ ပတ်သတ်ပြီး ချဲလ်ဆီး အသင်းက ‘ချဲလ်ဆီး ဘောလုံးကလပ်အနေနဲ့ ဘုရင်မ အဲလစ်ဇဘက် ဆုံးတာသိတဲ့ အတွက် အင်မတန် ဝမ်းနည်းရပါတယ်။ UK နဲ့ တစ်ကမ္ဘာ လုံးနဲ့အတူ ချဲလ်ဆီးက ဝမ်းနည်း ငိုကြွေးနေမှာပါ။ ငြိမ်းချမ်းစွာ အနားယူနိူင်ပါစေ ဘုရင်မကြီး။’ လို့ အောင့်မေ့သတိရမှု ပူဆွေးမှုကို ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။

ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ တူချယ် ကို ခပ်လွယ်လွယ် ထုတ်ပယ်လိုက်တဲ့ လုပ်ရပ်အပေါ် ချဲလ်ဆီး နောင်တရလိမ့်မယ် လို့ မှတ်ချက်ပြုလိုက်ပြီး နည်းပြသစ် နေရာ ကလည်း ပေါ်တာထက် ဇီဒန်းက ပို သင့်တော်တယ် လို့ သုံးသပ်ခဲ့ပါတယ်။
ဝုဗ် ကတော့ အသင်း လက်မဲ့ ဖြစ်နေတဲ့ ချဲလ်ဆီး တိုက်စစ်မှူးဟောင်းကြီး ဒီယေဂို ကော်စတာ ကို ခေါ်ယူဖို့ အလုံးစုံ သဘောတူညီမှု ရရှိသွားခဲ့ပါပြီ။ ကော်စတာ ဟာ ဝုဗ် နဲ့ ၂၀၂၃ ဇွန်လ အထိ စာချုပ် ချုပ်ဆိုသွားမှာပဲ ဖြစ်ပါတယ်။