ကွင်းပြောင်း ကစားမယ့် အကြံ၊ ပူလီဆစ် အခွင့်အရေး၊ ဘိုလီကို ဝေဖန်လိုက်သူနဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ စုစည်းမှု

လာမယ့်အပတ် ပရီးမီးယားလိဂ် ပွဲတွေကို အစီအစဉ်အတိုင်း ကစားဖွယ်ရှိပေမယ့် လန်ဒန်မှာ ဘုရင်မကြီး ဈာပန မတိုင်ခင် တစ်ရက် ဖြစ်တာကြောင့် လန်ဒန်အခြေစိုက် ကွင်းတွေမှာ ကန်တဲ့ ပွဲတွေ အတွက် နည်းလမ်း ရှာဖွေနေကြပါတယ်။

ချဲလ်ဆီးက စတန်းဖို့ဘရစ်ချ်မှာ လီဗာပူး ကို ဧည့်ခံ ကစားရမှာ ဖြစ်ပေမယ့် ဒီပွဲကို အန်းဖီးကွင်း သွား ကစားဖို့ ဖြစ်နိုင်မလား ဆိုတာကို ဆွေးနွေးနေကြပါတယ်။

ချဲလ်ဆီး အသင်းဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြောင်း အံ့အားသင့်ဖွယ် သတင်း ထွက်ပေါ်လာပါတယ်။

တူချယ် ရှိစဉ်က ချဲလ်ဆီးအသင်းမှာ မပျော်ရွှင်တဲ့ ကစားသမား ၅ ဦးထိ ရှိတယ်လို့ သိရပြီး လူကာကူ၊ ဗာနာ၊ အိုဒွိုင်း၊ ဇီယက်ချ်၊ ပူလီဆစ်တို့ ဖြစ်တယ်လို့ အင်္ဂလန်သတင်းတွေက ဆိုပါတယ်။ ထိုထဲမှာ လူကာကူနဲ့ အိုဒွိုင်းက အငှားနဲ့ ထွက်ခွာခဲ့တာ ဖြစ်ပြီး ဗာနာ တစ်ယောက်သာ အပြီး ပြောင်းရွှေ့သွားခဲ့တာပါ။

မိန့်ဇ်အားကစားဒါရိုက်တာ ခရစ္စတီယန်က တူချယ်ကို ထုတ်ပယ်လိုက်တဲ့ အသင်းပိုင်ရှင် ဘိုလီရဲ့ဆုံးဖြတ်ချက်ကို ဝေဖန်လိုက်ပါတယ်။ ” ဒီထုတ်ပယ်မှုက ရင်းနှီးမြုပ်နှံမှုကြောင့်ဖြစ်နိုင်ပါတယ်။ ဘိုလီမှာ ဘောလုံးအိုင်ဒီယာမရှိသလို ၆ ပွဲကစားအပြီးမှာ နောက်ထပ် နည်းပြတစ်ဦးကို ခန့်လိုက်တယ်။ ” လို့ ခရစ္စတီယန်က ပြောဆိုခဲ့တာပါ။

အင်္ဂလန် အခြေစိုက် ဘောလုံး ပရိသတ် အဖွဲ့အစည်း ကတော့ ရွှေ့ဆိုင်း ခဲ့တဲ့ သောကြာ-စနေ-တနင်္ဂနွေ ပွဲစဉ်တွေ အတွက် လက်မှတ်ဝယ်ယူထားတဲ့ ခရီးသွားဖို့ စီစဉ် လက်မှတ်ဖြတ်ထားတဲ့ ပရိသတ်တွေကို ငွေကြေး ပြန်လည်ပေးချေဖို့ တောင်းဆိုမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တူချယ် လက်အောက်မှာ နေရာပျောက်ခဲ့တဲ့ ပူလီဆစ်ဟာ နည်းပြသသစ် ဂရေဟမ် ပေါ်တာ ရောက်လာချိန်မှာ အစွမ်းပြဖို့ အခွင့်အရေး ရတာပဲ လို့ အမေရိကန် လက်ရွေးစင် နည်းပြ ဂရဂ် ဘာဟော့လ်တာ ကပြောကြားခဲ့ပါတယ် ။