ကမ္ဘာ့တန်ကြေးအမြင့်ဆုံး Top 3 ဝင်ခြင်း၊ မာရှယ်ရဲ့ အကောင်းဆုံး အသင်းဖော်၊ ဒိုလေးအတွက် စိတ်ပူမှုနဲ့ ယနေ့ မန်ယူ သတင်းများ

နာမည်ကျော် Forbes မဂ္ဂဇင်း က ထုတ်ပြန် ကြေငြာလိုက်တဲ့ စာရင်းမှာတော့ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနှစ်ရဲ့ ကမ္ဘာ့ တန်ကြေး အမြင့်ဆုံး အသင်း 3 သင်း စာရင်းထဲ ပါဝင်လာခဲ့ပြန်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒေါ်လာ 4.6 ဘီလီယံ ( ပေါင် 3.97 ဘီလီယံ ) ချမ်းသာ နေခဲ့တာပဲ ဖြစ်ပါတယ်။ နံပါတ် တစ် နေရာမှာတော့ စပိန် ထိပ်သီး ရီးရဲလ်မက်ဒရစ် အသင်းဟာ ဒေါ်လာ 5.1 ဘီလီယံ နဲ့ ရပ်တည် နေခဲ့တာပဲ ဖြစ်ပါတယ်။

နည်းပြ အဲရစ် တန်ဟက်ဟာ ကြယ်ပွင့်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်အတွက် လက်ရှိ ဘောလုံး ရာသီမှာ သွင်းဂိုး ၂၀ အထိ သွင်းယူဖို့ ပစ်မှတ် သတ်မှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

တိုက်စစ်သမား အန်သိုနီမာစီရယ် က မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ဝိန်းရွန်းနီ ဟာ သူ့ရဲ့ ကစားသမား ဘ၀ တစ်လျှောက် တွဲဖက် ကစားခဲ့ဖူးတဲ့ အသင်းဖော်တွေထဲမှာ အကောင်းဆုံး ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒိုဟာ လာမယ့် ဇန်နဝါရီ အပြောင်း အရွှေ့မှာ အသင်းပြောင်းဖို့ ထပ်မံ လုပ်ဆောင် လာလိမ့်ဦးမယ်လို့ အသင်းဖော်တွေက ယူဆနေကြ ပါတယ်။ ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ မှာ ကတည်းက အသင်းပြောင်းဖို့ ကြိုးစား ခဲ့ဖူးပြီး အဆင်မပြေ မှုတွေကြောင့် အသင်းမှာ ဆက်ရှိ နေခဲ့တာပဲ ဖြစ်ပါတယ်။

ပီအက်ဂျီ တိုက်စစ်မှုး နေမာဟာ သူ့ရဲ့ ကစားသမား ဘ၀ တစ်လျှောက် ရင်ဆိုင်ရ အခက်ခဲဆုံး နောက်ခံလူ ၄ ဦးကို ရွေးထုတ်ခဲ့ရာ မန်ယူ ကစားသမား ရာဖေးဗာရန်း ပါဝင်နေပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ကစားသမားဖြစ်သူ ခရစ္စတီယံ အဲရစ်ဆင်က အခုလို အသင်းရဲ့ ရလဒ် ပြန်လည် ကောင်းမွန်လာခြင်း အတွက် ကွင်းလယ် ခံစစ် ကစားသမား ဖြစ်သူ မက်တော်မီနေးဟ ဏ်ထူးမှတ်နဲ့ ထိုက်တန်ကြောင်း ထုတ်ပြောခဲ့လိုက်ပါတယ်။