တာဗာရက်စ်ကို ချီးကျူးခြင်း၊ ဂန်းနားတွေအတွက် မျှော်လင့်ထားတဲ့ ဂျီရူး၊ ပေါမာဆန် သတိပေးမှုနဲ့ ယနေ့ အာဆင်နယ် သတင်းများ စုစည်းမှု

မာဆေးလ်အသင်းနည်းပြ အီဂေါ် တူဒေါ်က အာဆင်နယ်ကနေ အငှား လာကစားနေတဲ့ နူနို တာဗာရက်စ်ဟာ အခုလက်ရှိ ခြေစွမ်းအတိုင်းသာ ဆက်သွားမယ်ဆိုရင် လီဂူးဝမ်း နောက်ခံကစားသမားတွေကို အတော်ကြီး ခံစား သွားအောင် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဂန်းနား ဂန္တဝင် အီမန်နျူရယ် ပီတစ် က အာဆင်နယ် အသင်း အနေနဲ့ ဘရိုက်တန် ကွင်းလယ်လူ မက် အယ်လစ်စတာ ကို ခေါ်ယူ သင့်ကြောင်း တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ဇူးရစ်ခ်ျနဲ့ ပွဲစဉ်မှာ နည်းပြ အာတီတာဟာ အသင်းရဲ့ ပုံမှန်ပွဲထွက်လူစာရင်းကို အပြောင်းအလဲ များစွာပြုလုပ်ပြီး အိမ်ရှင်အသင်းကို ရင်ဆိုင်ခဲ့ပါတယ်။ ပေါမာဆန်ကတော့ အာတီတာအနေနဲ့ ဒီလိုမျိုး အဓိက ကစားသမား အများစုကို ချန်လှပ်ထားတဲ့လူစာရင်းကို စမ်းသပ် အသုံးမပြုသင့်ဘူးလို့ သတိပေးခဲ့ပါတယ်။

အာဆင်နယ် အသင်း ရဲ့ ဂန္တဝင် သီယာရီ အွန်နရီ က ပြင်သစ် လီဂူး ၁ မှာ အငှား သွားရောက် ကစားပြီး ခြေစွမ်းပြ ဂိုးတွေ သွင်းယူနေတဲ့ လူငယ် တိုက်စစ်မှူးလေး ဘာလိုဂန် ကို ချီးကျူး စကား ဆိုသွားခဲ့ပါတယ်။

တိုက်စစ်မှုးဟောင်း ဂျီရူး က ဒီရာသီဟာ အာဆင်နယ် အတွက် စိတ်ဝင်စားစရာ ကောင်းမယ့် နှစ် ဖြစ်မယ်လို့ မျှော်လင့်ကြောင်း ဆိုလိုက်ပြီး နည်းပြ အာတီတာက အာဆင်နယ် အသင်းကို ထိပ်ဆုံး လေးသင်းထဲ ဝင်အောင် လမ်းပြပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဒီအပတ် ပီအက်စ်ဗီနဲ့ ယူရိုပါလိဂ် ပွဲဟာ လန်ဒန်မှာ ဘုရင်မကြီး ဈာပန ရှိနေတာကြောင့် ရွှေ့ဆိုင်း ပယ်ဖျက်လိုက်ပါတယ်။ သီတင်းပတ်ကုန် ဘရန့်ဖို့ဒ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ် အဝေးကွင်း ပွဲကတော့ အစီအစဉ် အတိုင်း ဆက်လက် ကစားရမယ် လို့ သိရပါတယ်။

အာဆင်နယ် ဒုဥက္ကဌဟောင်း ဒေးဗစ်ဒိန်းက အာဆင်နယ်အနေနဲ့ အသင်း ဂန္ထဝင် နည်းပြကြီး အာစင်ဝင်းဂါးကို အသင်းထံ ပြန်လည် ခေါ်ယူသင့်တယ်လို့ တိုက်တွန်း ပြောကြားလိုက်ပါတယ်။ ဝင်းဂါးဟာာ အာဆင်နယ်အသင်းကို ၁၉၉၆ ခုနှစ်မှာ စတင်ကိုင်တွယ်ခဲ့ပြီး အသင်းရဲ့ ဂန္ထဝင်နည်းပြကြီး တစ်ဦးလည်း ဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ဘရာဇီး လူငယ် တောင်ပံ ကစားသမားလေး မာကွင်ဟိုစ် ကို အငှား ချဖို့ စဉ်းစားထားတယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ်။ အသက် ၁၉ နှစ် အရွယ် ကစားသမားလေးဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဆော်ပေါ်လို အသင်းကနေ အာဆင်နယ်အသင်းကို ပေါင် ၃ သန်း နဲ့ ရောက်ရှိ လာခဲ့သူပါ။