စာချုပ်သစ် တိုးမယ့် ၅ဦး၊ ရော်နယ်ဒိုကို ချန်လှပ်ခြင်း၊ ဘောကန်ဖိနပ်တောင် မရှိခဲ့တဲ့ အန်တိုနီနဲ့ ယနေ့ည မန်ယူ သတင်းများ စုစည်းမှု

မန်ချက်စတာ ယူနိုက်တက်ဟာ ဟာ အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ဂိုးသမားဒီဂီယာ၊ ရက်ရှ်ဖို့ဒ်၊ ဒါလော့စ်၊ လုခ်ရှောနဲ့ ဖရက်ဒ် တို့ကို အလွတ်နဲ့ မဆုံးရှုံးဖို့အတွက် စာချုပ်သက်တမ်းတိုးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

အခြားဆက်စပ်သတင်းတွေအရ မန်ယူအသင်းတာဝန်ရှိသူတွေဟာ တစ်ပတ်ကို ပေါင် ၅ သိန်းနီးပါး ပေးချေနေရတဲ့ စီရော်နယ်ဒိုကိုတော့ စာချုပ်သက်တမ်းတိုးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

မန်ယူအသင်း တောင်ပံတိုက်စစ်ကစားသမားသစ် အန်တိုနီကတော့ ငယ်စဉ်တုန်းက အရမ်းဆင်းရဲခဲ့ဖူးတဲ့အတွက် ဘောလုံး ကန်စရာ ဖိနပ်တောင် မရှိခဲ့ဖူးကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒို ကို မန်ချက်စတာ ယူနိုက်တက် အရန်ခုံ သို့ ရဲရဲပို့ထားတဲ့ နည်းပြ တန်ဟက်ရဲ့ ပါးနပ်တဲ့ လုပ်ရပ်ကို နယ်သာလန်နည်းပြ ဖော့ပီဒီဟန်း ကထုတ်ဖော် ချီးကျူးလိုက်ပါတယ်။ ရော်နယ်ဒို ကို ပွဲထွက်က ချန်ထားတာ အတွက် အငြင်းပွားစရာ ရှိပေမယ့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် နောက်ဆုံးလေးပွဲဆက် အနိုင်ရခဲ့ပါတယ်။

မန်ယူအသင်းနည်းပြ တန်ဟတ် ဟာ လက်တလော လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ကစားသမားတွေကို ၎င်းတို့ မသန်တဲ့ ခြေထောက်တွေနဲ့ (ဘယ်ခြေ ညာခြေ) ပြောင်းကာ လေ့ကျင့်မှုတွေ ပြုလုပ်ခိုင်းထားကြောင်း သိရပါတယ်။

အာဆင်နယ်နဲ့ အင်္ဂလန် လက်ရွေးစင်အသင်းတို့ရဲ့ ကွင်းဘယ် ကစားသမားဟောင်း တစ်ဦးဖြစ်သူ ပေါလ် မာဆင် က မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ အဲရစ် တန်ဟတ် ထက် ချဲလ်ဆီး တို့ ခေါ်ယူလိုက်တဲ့ ဂရေဟမ် ပေါ်တာကို ဦးစားပေး အဖြစ် ခေါ်ယူခဲ့သင့်ကြောင်း နောက်တစ်ကြိမ် ပြောခဲ့လိုက်ပါတယ်။

အပြောင်းအရွှေ့ စပယ်ရှယ်လစ် သတင်းထောက် ဖာဘရီဇီယိုရိုမာနို အဆိုအရ မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းကို ပြန်လည်တည်ဆောက်နေတဲ့ နည်းပြအဲရစ်တန်ဟတ်ကို ခန့်အပ်ခဲ့ပြီးနောက် ကစားသမား ၁၅ ယောက် လောက်ထိကို ကမ်းလှမ်းခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ရိုမာနိုက ယူနိုက်တက်တို့ ကမ်းလှမ်းခဲ့တဲ့ ကစားသမားတွေထဲမှာ လီအန်ဒရို ပါရီဒက်စ်လည်း ပါဝင်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။