ဘယ်လင်ဂမ်၊ ရော်နယ်ဒိုကို ခေါ်ချင်တဲ့ ဆော်ဒီ၊ ဒီအပတ် ယူရိုပါလိဂ်ပွဲ လူစာရင်းနဲ့ ယနေ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

လီဗာပူးနှင့် ယူနိုက်တက်တို့ဟာ လာမယ့်နွေရာသီမှာ ဒေါ့မွန်ကြယ်ပွင့် ဘယ်လင်ဂမ်ကို ခေါ်ယူဖို့အတွက် အခွင့်အရေး ကောင်းတွေ ရှိနေတယ်လို့ စကိုင်းစပေါ့ ဂျာမနီက သတင်းထောက်ဖြစ်တဲ့ ပလက်တန်ဘက်က ပြောထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ် Sheriff Tiraspol အသင်းနဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဉ် ယှဉ်ပြိုင် ကစားဖို့ အဝေးကွင်းထိ လိုက်ပါသွားမယ့် ၂၂ ယောက် လူစာရင်းကို ဒီနေ့ ထုတ်ပြန်ကြေညာခဲ့ရာ စီနီယာအသင်းကြီးမှ ကစားသမား ၅ဦး မပါဝင်ခဲ့ပါဘူး။

ထို ၅ဦးကတော့ ရက်ဖို့ဒ်၊ မာရှယ်၊ ဗန်ဒီဘိခ်၊ ဝမ် ဘစ်ဆာကာနဲ့ ဂိုးသမား ဒူဗရက်ကာ တို့ ဖြစ်ပါတယ်။ ထိုပွဲအတွက် နည်းပြတန်ဟက် အတည်ပြုပြီး ပွဲကြိုလေ့ကျင့်နေတဲ့ ၂၂ ယောက် လူစာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Goalkeepers: De Gea, Heaton, Vitek.

Defenders: Lindelof, Maguire, Martinez, Malacia, Varane, Dalot, Shaw.

Midfielders: Fernandes, Eriksen, Fred, Casemiro, McTominay, Iqbal.

Forwards: Ronaldo, Antony, Sancho, Elanga, Garnacho, McNeill.

ဆော်ဒီ အာရေဗျနိုင်ငံရဲ့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ယက်ဆာ အယ်-မီဆာဟယ်ကတော့ သူတို့ဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ပေါ်တူဂီ ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို သူတို့နိုင်ငံမှာ လာရောက် ကစားတာကို မြင်ချင်ကြောင်းနဲ့ ရော်နယ်ဒိုကို သူတို့နိုင်ငံဆီ ခေါ်နိုင်ဖို့ ငွေပုံပေးရန်လည်း အဆင်သင့် ရှိနေကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ မက်ဆီတို့ကို ဘောလုံးပရိသတ်တွေက မကြာခင် မေ့လျော့ပြီး PSG ကြယ်ပွင့် ကိုင်လီယံ အမ်ဘာပေ နဲ့ မန်စီးတီး ကြယ်ပွင့် အားလင်း ဟားလန်း တို့ဆီ အာရုံရောက်သွားလိမ့်မယ် လို့ ချဲလ်ဆီး ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ဂတ်စ် ပိုယတ် က ဟောကိန်း ထုတ်ခဲ့လိုက်ပါတယ်။