အသင်းပိုင်ရှင် တော့ဒ်ဘိုလီရဲ့ အကြံထူး၊ တူချယ် ထုတ်ရခြင်း အကြောင်းရင်း၊ ပေါ်တာ အပေါ် ဂျော်ဂျင်ဟို အမြင်နဲ့ ယနေ့ ချဲလ်ဆီး သတင်းများ
ယနေ့ညမှာ ချန်ပီယံလိဂ် အုပ်စုအဆင့် ဒုတိယမြောက် ပွဲစဉ်ကို ဆက်လက် ကျင်းပသွားမှာ ဖြစ်ရာ ၊ ချဲလ်ဆီး အသင်းဟာ အုပ်စု E မှာ သြစတြီးယား ချန်ပီယံ ဆဲလ်ဇ်ဘာ့ဂ် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ လက်ခံ ကစားသွားဖို့ ရှိပါတယ်။
ချဲလ်ဆီး အသင်းပိုင်ရှင် တော့ဒ်ဘိုလီ က သောမတ်စ် တူချယ်ကို ရာထူးက ထုတ်ပယ်ခဲ့ရခြင်း ကွင်းတွင်းရလဒ်၊ ကစားပုံတွေနဲ့ ရာနှုန်းပြည့် သက်ဆိုင်မှု မရှိပဲ ၎င်းတို့ အကြား ကလပ်ရဲ့ အနာဂတ် အတွက် တွေးခေါ်ပုံချင်း မတူညီတဲ့ အတွက်သာ လမ်းခွဲလိုက်ခြင်း ဖြစ်တယ်လို့ ဖော်ထုတ် ရှင်းပြခဲ့ပါတယ်။
ဂျော်ဂျင်ဟို က နည်းပြသစ် ဖြစ်လာတဲ့ ဂရေဟမ် ပေါ်တာနဲ့ ပတ်သက်ပြီး ” သူဟာ အလုပ် အတူ တွဲလုပ်လို့ ကောင်းတဲ့၊ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်တဲ့ နည်းပြ တဦး ဖြစ်ပါတယ်။ သူ ဒီနည်းပြရာထူးကို စိန်ခေါ်မှု တရပ် အနေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် သူ လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီး ပိုင်ရှင်သစ် တော့ဒ်ဘိုလီ ဟာ မနေ့က ကျင်းပခဲ့တဲ့ SALT ကွန်းဖရန့်မှာ ပရီးမီးယားလိဂ် အဖွဲ့ချုပ် အနေနဲ့ အမေရိကန်က အားကစားပြိုင်ပွဲတွေ ဖြစ်တဲ့ MLB ၊ NFL ၊ NBA တို့မှာလို နှစ်စဉ်နှစ်တိုင်း All Star အသင်းတွေ ဖွဲ့ပြီး ရန်ပုံငွေပွဲတွေ ကျင်းပစေချင်ကြောင်း အကြံပြုခဲ့ပါတယ်။
တော့ဒ်ဘိုလီ ဟာ မကြာသေးခင်က အင်္ဂလိပ် မီဒီယာတွေရဲ့ ဖော်ပြချက် အရ ဘောလုံး ကစားနည်းမှာ ဂိုးသမားပါ ရှေ့တက်ကာ ၄ – ၄ – ၃ နည်းစနစ် သုံးဖို့ ၊ ချဲလ်ဆီး နည်းပြ အဖွဲ့ထံ အကြံပြုဖူးတာကြောင့် ဝေဖန်မှုတွေ များစွာ ခံနေရသူ ဖြစ်ပါတယ်။