ခေါ်ရခက်မယ့် ကွင်းလယ် ပစ်မှတ်၊ အာဆင်နယ်နဲ့ စပါးကို ပေါင်းခိုင်းချင်တဲ့ ဘိုလီ၊ အာဆင်ဝင်းဂါး မှတ်ချက်များနဲ့ ယနေ့ အာဆင်နယ် သတင်းများ
ရွှေ့ဆိုင်းထားတဲ့ အာဆင်နယ်နဲ့ PSV တို့ရဲ့ ယူရိုပါလိဂ် ပွဲကို အောက်တိုဘာလ ၂၀ ရက် ည မှာ ပြန်လည် ကစားဖို့ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် အောက်တိုဘာလ ၁၉ ရက်နေ့မှာ ကစားရမယ့် အာဆင်နယ် Vs မန်စီးတီး ပရီးမီးယားလိဂ်ပွဲကိုတော့ ရွှေ့ဆိုင်းလိုက်ပါပြီ ဖြစ်ပါတယ်။
အာဆင်နယ် အသင် စိတ်ဝင်စားနေတဲ့ ယူကရိန်းတောင်ပံကစားသမား မိုက်ခေလို မူဒရစ်ခ် ဟာ ရှက်ခ်တာဒိုးနက် အသင်းကနေ မြောက်လန်ဒန်ကို ပြောင်းရွှေ့ကစားလိုနေကြောင်း သိရပြီး သူ့ရဲ့ လက်ရွေးစင် အသင်းဖော် အိုလက်ဇန်ဒါ ဇင်ချန်ကိုဆီ မကြာခဏ ဖုန်းဆက်စုံစမ်းနေခဲ့တယ်လို့ သိရပါတယ်။
အာဆင်နယ် က အသင်း ကြယ်ပွင့် တောင်ပံကစားသမား ဘူကာယို ဆာကာအတွက် စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေအားလုံးက အောင်မြင်မှု ရရှိဖို့ နီးစပ်နေခဲ့ပြီဖြစ်ပြီး မကြာခင်အချိန်အတောအတွင်းမှာ အပြီးသတ်နိုင်ဖို့ မျှော်လင့်ရပါတယ်။

လာမယ့် ဇန်နဝါရီမှာ အသင်းရဲ့ ကွင်းလယ်ကို အားဖြည့်သွားနိုင်ဖို့အတွက် နည်းပြ အာတီတာနဲ့ အသင်း ဒါရိုက်တာ အီဒူးတို့က စိတ်ဝင်စားနေတဲ့ အေဂျက် ကွင်းလယ်လူ အက်ဒ်ဆန် အဲဗာရက်ဇ်ကို နယူးကာဆယ် အပြင် လီဗာပူး ကပါ စိတ်ဝင်စားနေလို့ ခေါ်ယူဖို့ ခက်ခဲနိုင်နေပါတယ်။
အာဆင်နယ် အသင်းရဲ့ ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါးကတော့ လက်ရှိ အာဆင်နယ် အသင်း အပေါ် အားရ ကျေနပ်မှု အပြည့် ရှိနေပြီး လမ်းကြောင်းမှန်ပေါ် လျှောက်လမ်း နေတဲ့ အသင်းဖြစ်ကာ အားနည်းချက် ရယ်လို့ မမြင်မိကြောင်း မှတ်ချက်ပြုသွားခဲ့ပါတယ်။
ဒါ့အပြင် အာဆင်နယ်အသင်းအနေနဲ့ ယခုရာသီ ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲမှာ စိန်ခေါ်နိုင်သူ မဟုတ်ဘူးလို့ ငြင်းပယ်လို့ မရတော့ဘူး လို့ အာစင်ဝင်းဂါးက ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ All Star အသင်းတွေ တောင်ပိုင်းနဲ့ မြောက်ပိုင်း နှစ်ဖက်ခွဲပြီး ကစားသင့်တယ်လို့ ပြောခဲ့တဲ့ ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ် ဘိုလီကို အာဆင်နယ် ဂန္ထဝင် တိုက်စစ်မှူးဟောင်း အွန်နရီက အမေရိကန်နဲ့ အင်္ဂလန်က ဘယ်လောက်ကြီး တူနေလို့ အိုင်ဒီယာကို ကူးယူလို့ ဖြစ်မှာလဲလို့ မေဂျာလိဂ်မှာ ကစားဖူးသူတစ်ယောက်အနေနဲ့ လှောင်ပြောင် သွားပါတယ်။ ဘိုလီ အကြံအရ ဆိုရင် အာဆင်နယ်က စပါးလို လန်ဒန်မြို့ခံပြိုင်ဘက်အသင်းနဲ့ အတူ ပေါင်းပြီး တစ်သင်းတည်း ကစားရမှာပါ။