ဂိုးတွေ သွင်းကြတဲ့ ဆန်ချိုနဲ့ ရော်နယ်ဒို၊ ဆက်ခေါက်ခံရဆဲ မက်ဂွဲရားနဲ့ ရှရစ်ကို နိုင်တဲ့ ယူရိုပါလိဂ် ပွဲမှာ မန်ယူအသင်းရဲ့ ပြောစရာ အချက်များ

မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ညက ရှရစ်ဖ်ကလပ်အသင်းနဲ့ ယူရိုပါလိဂ် အုပ်စုပွဲ ယှဉ်ပြိုင် ကစားရာ ဆန်ချို၊ ရော်နယ်ဒိုတို့ သွင်းဂိုးတွေနဲ့ ပထမဆုံး အနိူင်ပွဲကို ရှာဖွေနိူင်ခဲ့ပါတယ်။

ဒီပွဲစဉ်ကနေ သတိပြုမိစရာ အချက်များကို စုစည်း ဖော်ပြလိုက်ပါတယ်။

လူစုံတက်စုံ သုံးခဲ့တဲ့ နည်းပြတန်ဟက်

တန်ဟက်အနေနဲ့ စက်တင်ဘာ တုန်းက ပွဲပေါင်းများစွာကို ကစားဖို့ ပြင်ဆင်ခဲ့ပေမယ့် ဘုရင်မကြီး ကွယ်လွန်သွား တာကြောင့် ပွဲတွေ ရပ်နားခဲ့တာ အခွင့်ကောင်းယူနိူင်ခဲ့ပါတယ်။ ဒီပွဲမှာ တန်ဟက်က ကစားသမားတွေကို အနားပေးဖို့ မလိုသလို သူက အာဆင်နယ် အသင်းကို ၃-၁ နဲ့အနိူင်ရရှိတဲ့ ကစားသမား ၁၀ ယောက် ကို အသုံးပြုခဲ့ပြီး ဒဏ်ရာ ရနေတဲ့ ရက်ဖိုဒ့် နေရာမှာ ရော်နယ်ဒို ကို အသုံးပြုခဲ့ပါတယ်။

ဆောက်ဂိတ်ကို သတိပေးလိုက်တဲ့ ဆန်ချို

မန်ယူအသင်း အနေနဲ့ ဒီရာသီမှာ ကောင်းမွန်တဲ့ ခြေစွမ်းမျိုးပြသနိူင်ခြင်း မရှိပေမယ့် ရှာရစ် ကိုတော့ နိူင်ယူခဲ့ပါတယ်။ ၁၇ မိနစ်မှာ ဆန်ချိုက အဖွင့်ဂိုးကို သွင်းယူနိူင်ခဲ့ပါတယ်။ သူက အဲရစ်ဆင် ရဲ့ ပေးပို့မှုကို ညာခြေနဲ့ အမှား မရှိပဲသွင်းယူနိူင်ခဲ့ပါတယ်။ ဒီ ၂၂ နှစ်သားကတော့ ဆောက်ဂိတ်ရဲ့ ကမ္ဘာ့ဖလား အင်္ဂလန် အသင်းမှာ တစ်နေရာ ရဖို့ အတွက် ထိုက်တန်တယ်ဆိုတာကို ပြသခဲ့ပါတယ်။

ဂိုးပေါက်တွေ့ခဲ့တဲ့ ရော်နယ်ဒို

ရော်နယ်ဒိုကတော့ ဒီရာသီမှာ သူ့ရဲ့ ပထမဆုံး ဂိုးကို ပင်နယ်တီကနေ အမှားအယွင်းမရှိပဲ သွင်းယူခဲ့ပြီး ဂိုးမိုး ခေါင်မှုကို အဆုံးသတ်နိူ င်ခဲ့ပါတယ်။ ၇ ပွဲဆက် ဂိုးပေါက်ပျောက် ဖန်တီးမှု ပျောက်တာကို အဆုံးသတတ်နိူင်ခဲ့တာကြောင့် ရော်နယ်ဒို အနေနဲ့ နိူင်ငံတကာ ပွဲတွေကို ဖိအားကင်းစွာနဲ့ ရှေ့ဆက်နိူင်မှာဖြစ်ပါတယ်။

မေးခွန်းထုတ်စရာ ဖြစ်လာတဲ့ မက်ဂွဲရား အနာဂတ်

ဒီပွဲမှာလည်း အဲရစ် တန်စက် က ဗာရိန်း နဲ့ မာတင်နက်စ် အတွဲကို သုံးပြုပြီး မက်ဂွဲရား ကို ခေါက်ခဲ့ပါတယ်။ ဒီအတွဲကို အသုံးပြုတဲ့ ၈ ပွဲမမှာ ၅ ပွဲ အထိ အနိူင်ရခဲ့ပါတာယ်။ ခုချိန်မှာတော့ ဘေးထွက် ထိုင်နေရတဲ့ အသင်းခေါင်းဆောင် မက်ဂွဲရား အတွက် စိုးရိမ်စရာဖြစ်နေပြီး သူ ပွဲထွက် ကစားတဲ့ ၃ ပွဲလုံး ရှုံးနိမ့်ထားပါတယ်။ ဒီလိုသာ အရန်ခုံ ဆက်တိုက် ထိုင်နေရရင်တော့ မက်ဂွဲရား အနေနဲ့ ကမ္ဘာ့ ဖလား မှာ နေရာပျောက်ဖွယ် ရှိပါတယ်။

တိုမီနေး နဲ့ ကက်စမဲရိုး ဘယ်သူ နေရာရမလဲ

ညကပွဲမှာ နည်းပြတန်ဟက်က ဒုတိယပိုင်းမှာ တိုမီနေး အစား ကက်စမဲရိုးကို အစားသွင်းပြီးတော့ ၁ ပိုင်းစီ ကစား စေခဲ့ပါတယ်။ တိုမီနေးရဲ့ ခြေစွမ်းကတော့ ကက်စ်မဲရိုး ရောက်လာပြီးတော့ ပိုမို တိုးတက်လာကာ သူ့ အကောင်းဆုံး ပွဲကိုလည်း ရှာရစ်နဲ့ပွဲမှာ ပြသနိူင်ခဲ့ပါတယ်။ ကက်စ်မဲရိုး အနေနဲ့လည်း သူက ကစားခွင့် ရတဲ့ပွဲမှာ အကောင်းဆုံး ခြေစွမ်းပြနိူင်ခဲ့တာပါ။ မန်ယူအသင်း နံပတ် ၈ က အဲရစ်ဆင်၊ နံပတ် ၁၀ က ဖာနန်ဒက်စ် ဆိုရင် နံပတ် ၆ အတွက် အဲရစ်တန်ဟက် ဘယ်သူ့ကို ရွေးမလည်းဆိုတာကို စိတ်ဝင်စားစရာ ဖြစ်ပါတယ်။