ပေါင် ၂၅သန်းတန် တိုက်စစ်ပစ်မှတ်သစ်၊ တန်ဟက်ရဲ့ အကောင်းဆုံး ၄ဦး နဲ့ ယနေ့ မန်ယူ သတင်းတိုများ စုစည်းမှု

စပါးနောက်ခံလူ ရိုမဲရိုးက လီဆန်ဒရို မာတီနက်ဇ်ဟာ လီဗာပူးမှ ဗန်ဒိုက်နဲ့ အတူ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ဗဟိုနောက်ခံလူ တစ်ယောက် ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

မန်ယူ တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်ဟာ နိုင်ငံတကာ သီတင်းပတ် အပြီး အောက်တိုဘာ ၂ ရက်မှာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် မန်ချက်စတာ ဒါဘီပွဲ အမှီ ဒဏ်ရာကနေ ပြန်ကောင်းလာဖို့ ရှိကြောင်း သိရပါတယ်။

နည်းပြ တန်ဟက် လက်အောက် မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အစွမ်းပြနိုင်ဆုံး ကစားသမားတွေ အဖြစ် ဒါလော့၊ မာတီနက်ဇ်၊ တော်မီနေးနဲ့ အဲရစ်ဆန်တို့ကို Mirror သတင်းဌာနက ဖော်ပြထားပါတယ်။

ရှရစ်နဲ့ ယူရိုပါလိဂ်ပွဲ သွားရောက်ခဲ့ကြတဲ့ ယူနိုက်တက် ကစားသမားနဲ့ ဝန်ထမ်းတွေဟာ ပွဲပြီးနောက်ရက်မှာ အစာ အဆိပ်သင့် ဝေဒနာ ခံစားခဲ့ကြရပြီး လူ ၁၂ ယောက်ထိ ဖြစ်ခဲ့ကြတယ် လို့ သိရပါတယ်။ ထိုပွဲပြီး စနေနေ့ ထရိန်နင်မှာလည်း ကစားသမားတချို့ မပါဝင်နိုင်တာ တွေ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက တိုက်စစ်ပိုင်းကို ပိုမိုတိုးတက်လာစေဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ဘင်ဖီကာ အသင်းမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်ကစားသမား ဂွန်ဂါလိုကို ခေါ်ယူဖို့ရန် ပေါင် ၂၅သန်း အသုံးပြုဖို့ ရည်ရွယ် နေပါတယ်။

အသက် ၂၁နှစ်အရွယ် ဂွန်ဂါလိုက ဘင်ဖီကာအသင်းတွက် ၁၂ပွဲ ကစားကာ သွင်းဂိုး ၈ဂိုးအထိ ရယူပေးထားနိုင်တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ဘင်ဖီကာအသင်းဘက်က တောင်းဆိုမှု ပမာဏကို မသိရေသေးပေမဲ့ ဂွန်ဂါလိုကို ခေါ်ယူနိုင်ရေး အတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၅သန်းထက် ပိုမို အသုံးပြုသွားဖွယ် မရှိသေးတဲ့အကြောင်းကို သိထားရပါတယ်။