ပရီးမီးယားလိဂ် ချန်ပီယံလောင်း အဖြစ် မထင်မှတ်တဲ့အသင်းကို ရွေးချယ်လိုက်တဲ့ စီးတီးကွင်းလယ် ရိုဒရီ

မန်စီးတီး ကွင်းလယ်ကစားသမား ရိုဒရီက ဒီရာသီ ပရီးမီးယားလိဂ် ဗိုလ်စွဲနိုင်တဲ့ ချန်ပီယံလောင်း အဖြစ် တော့တင်ဟမ် စပါးအသင်းလို့ ထူးထူးခြားခြား ရွေးချယ်လိုက်ပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၇ ပွဲကစားပြီးနောက် ရှုံးပွဲတစ်ပွဲမှ မရှိသေးတဲ့ အသင်းဆိုလို့ မန်ချက်စတာစီးတီးနဲ့ တော့တင်ဟမ်ဟော့စပါးတို့ ၂ သင်းသာ ရှိနေတာပါ။ ဒါပေမယ့် စီးတီးရော စပါးအသင်းပါ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေကြတာမဟုတ်ဘဲ အမှတ်ပေးဇယားထိပ်ဆုံးမှာ အာဆင်နယ် က ရှိနေတာပါ။

ကွန်တီရဲ့ စပါး ဟာ ယခုရာသီမှာ ၎င်းတို့ရဲ့ စွမ်းဆောင်ရည်နဲ့ ပရိသတ်အများစုကို အံ့အားသင့်စေနိုင်ခဲ့တာဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းက မြောက်လန်ဒန်ကလပ်အသင်းရဲ့ ခြေလှမ်းကို စောင့်ကြည့်နေတာဖြစ်ပါတယ်။

အဲဒီထဲမှာ ရိုဒရီလည်း တစ်ဦးအပါအဝင်ဖြစ်ပြီး လတ်တလော အင်တာဗျူးမှာ မန်စီးတီးနဲ့ စပါးစ်တို့ ပိုင်ဆိုင်ထားတဲ့ ရှုံးပွဲမရှိ စံချိန်နဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရချိန်မှာ အခုလို ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

“စပါးအသင်းမှာ အရမ်းကောင်းမွန်တဲ့ လူစာရင်းရှိပြီး အရမ်းကို ရှင်းလင်းတဲ့ အတွေးအခေါ်ရှိပြီး သူတို့ကို ပြီးပြည်စုံအောင် ဘယ်လိုသယ်ဆောင်သွားပေးရမလဲဆိုတာကို သိတဲ့ နည်းပြတွေလည်း ရှိကြပါတယ်။ သူတို့တွေက သူတို့ ဘာလုပ်ရမယ်ဆိုတာကို သိကြပြီး အဲဒါကို အရမ်းကို တိကျသေချာစွာနဲ့ လုပ်နေကြပါတယ်။

ပရီးမီးယားလိဂ် ဆုဖလားအတွက် ချန်ပီယံလောင်းအဖြစ် ကျွန်တော်ကတော့ စပါးစ်ကိုပဲ မြင်တယ်။ ကွန်တီရဲ့ နည်းပြဘဝ အောင်မြင်မှုတွေက သူ့အလိုလို စကားပြောနေပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ နိုင်ငံတကာ သီတင်းပတ် အပြီး အောက်တိုဘာလ ၁ ရက်နေ့မှာ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းအိမ်ကွင်း အမ်းမရိတ်စ်ကို သွားရောက်ယှဉ်ပြိုင်သွားရဖို့ ရှိနေပါတယ်။