ပဲလေ့စ်ကို ရှုံးခဲ့တဲ့ မန်စီးတီး ပွဲရလဒ်အတွက် နည်းပြ ဂွာဒီယိုလာ အပြစ်ပုံချလိုက်သူ

လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းဟာ ညက အီတီဟက်ကွင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို ဧည့်ခံ ကစားရာ လာပေါ်တေး အနီကတ်ပြ ထုတ်ပယ်ခံရခြင်းနဲ့ အတူ ၂-ဝ နဲ့ မထင်မှတ်ဘဲ ရှုံးနိမ့်သွားခဲ့ရပါတယ်။

ဒီပွဲမှာ ခြေစွမ်းပိုင်းဟာ ပုံမှန်အောက် ရောက်ခဲ့သလို အသင်းရဲ့ နောက်ခံလူ တဦး ဖြစ်သူ လာပေါ်တေး ကလည်း ပထမပိုင်း ပြီးခါနီးမှာ ပဲလေ့စ်အသင်းရဲ့ တောင်ပံ ကစားသမား ဇာဟာကို ဆွဲလှဲမိခဲ့တာကြောင့် အနီကတ် ထိခဲ့ပြီး ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ ဒူးထောက် အရှုံးပေးခဲ့ရတာပါ။

ပွဲပြီးဆုံးချိန်မှာတော့ ဂွာဒီယိုလာက သူတို့အသင်း အခုလို ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာဟာ ကွင်းလယ်ဒိုင်ရဲ့ အမှားကြောင့်သာ ဖြစ်ကြောင်း ဆင်ခြေပေးသွားခဲ့ပြီး ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကို နားမလည်နိုင်ဘူး လို့ ဝေဖန်သွားခဲ့ပါတယ်။

ဂွာဒီယိုလာက – “ဒီနေ့ပွဲမှာ မှားနေတဲ့ အရာတွေက အများကြီးပါ။ ကျွန်တော်တို့ ခပ်စောစောပဲ ပေးဂိုး တဂိုး ခွင့်ပြုခဲ့ရတယ်။ အဲ့ဒီနောက် ကစားပုံ ကောင်းခဲ့ပေမယ့် ပထမပိုင်း ပြီးခါနီးမှာပဲ ကစားသမား တယောက် အထုတ်ခံလိုက်ရပါတယ်။

ပရိသတ်အားနဲ့ ကျွန်တော်တို့ သွင်းဂိုး တစ်ဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ပေမယ့် ကံမကောင်းစွာပဲ လူကျွံနေခဲ့ပါတယ်။ ဒီနေ့ နေ့လယ်ပိုင်းမှာပဲ ဂျွန်နီ အီဗန်က လာပေါ့တ်လို ပြစ်ဒဏ်မျိုး ကျူးလွန်ခဲ့ပေမယ့် အဝါကတ်ပဲ ထိခဲ့ပါတယ်။

ဒါက ကွင်းလယ်ဒိုင်ရဲ့ အမှားလို့ပဲ ထင်ပါတယ်။ ဒါကို VARရဲ့ အမှားလို့ ပြောလည်း ရပါတယ်။ ကျွန်တော် စည်းမျဉ်းတွေ အကြောင်းကို နားမလည်တော့ပါဘူး။ ဒီလို ဖြစ်ရပ်က လက်စတာနဲ့ပွဲမှာ အဝါကတ် ဖြစ်ပြီး ဒီပွဲကျတော့ အနီကတ် ဖြစ်နေပါတယ်” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်တန်း နည်းပြတဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ဂွာဒီယိုလာဟာ ၂၀၁၆ခုနှစ်ထဲက မန်ချက်စတာ စီးတီးအသင်းကို စတင် ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး မန်ချက်စတာ စီးတီးအသင်းကို ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၃၁၀ ဦးဆောင်ပေးခဲ့ကာ ပရီးမီးယားလိဂ်ဖလား ၃ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ် ၊ ကာရာဘောင်းဖလား ၄ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၂ကြိမ်တို့ကို အရယူထားနိုင်ပါတယ်။

မန်ချက်စတာ စီးတီးနဲ့ ပဲလေ့စ်တို့ရဲ့ ပွဲစဉ်ဟာ ဂွာဒီယိုလာရဲ့ နည်းပြဘဝ ပရီးမီးယားလိဂ် ပွဲပေါင်း ၂၀၀ ပြည့်ခဲ့တဲ့ ပွဲစဉ်တပွဲ ဖြစ်ပြီး အိမ်ကွင်း အီတီဟတ်မှာ ကစားရတဲ့ ပွဲတပွဲ ဖြစ်သလို ဂွာဒီယိုလာရဲ့ အထိမ်းအမှတ်ပွဲလည်း ဖြစ်တာကြောင့် သက်တောင့်သက်သာ အနိုင်ရသွားမယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် ဧည့်သည် ပဲလေ့စ်အသင်းကသာ နိုင်ပွဲယူသွားခဲ့တာပါ။

Zawgyi

လက္ရွိ ခ်န္ပီယံ မန္ခ်က္စတာ စီးတီးအသင္းဟာ ညက အီတီဟက္ကြင္းမွာ ခရစၥတယ္ပဲေလ့စ္ကို ဧည့္ခံ ကစားရာ လာေပၚေတး အနီကတ္ျပ ထုတ္ပယ္ခံရျခင္းနဲ႕ အတူ ၂-ဝ နဲ႕ မထင္မွတ္ဘဲ ရံႈးနိမ့္သြားခဲ့ရပါတယ္။

ဒီပြဲမွာ ေျခစြမ္းပိုင္းဟာ ပုံမွန္ေအာက္ ေရာက္ခဲ့သလို အသင္းရဲ႕ ေနာက္ခံလူ တဦး ျဖစ္သူ လာေပၚေတး ကလည္း ပထမပိုင္း ၿပီးခါနီးမွာ ပဲေလ့စ္အသင္းရဲ႕ ေတာင္ပံ ကစားသမား ဇာဟာကို ဆြဲလွဲမိခဲ့တာေၾကာင့္ အနီကတ္ ထိခဲ့ၿပီး ပဲေလ့စ္အသင္းကို အိမ္ကြင္းမွာ ဒူးေထာက္ အရႈံးေပးခဲ့ရတာပါ။

ပြဲၿပီးဆုံးခ်ိန္မွာေတာ့ ဂြာဒီယိုလာက သူတို႔အသင္း အခုလို ရႈံးပြဲနဲ႔ ႀကဳံေတြ႕ခဲ့ရတာဟာ ကြင္းလယ္ဒိုင္ရဲ႕ အမွားေၾကာင့္သာ ျဖစ္ေၾကာင္း ဆင္ေျခေပးသြားခဲ့ၿပီး ကြင္းလယ္ဒိုင္ရဲ႕ ဆုံးျဖတ္ခ်က္ေတြကို နားမလည္ႏိုင္ဘူး လို႔ ေဝဖန္သြားခဲ့ပါတယ္။

ဂြာဒီယိုလာက – “ဒီေန႔ပြဲမွာ မွားေနတဲ့ အရာေတြက အမ်ားႀကီးပါ။ ကြၽန္ေတာ္တို႔ ခပ္ေစာေစာပဲ ေပးဂိုး တဂိုး ခြင့္ျပဳခဲ့ရတယ္။ အဲ့ဒီေနာက္ ကစားပုံ ေကာင္းခဲ့ေပမယ့္ ပထမပိုင္း ၿပီးခါနီးမွာပဲ ကစားသမား တေယာက္ အထုတ္ခံလိုက္ရပါတယ္။

ပရိသတ္အားနဲ႔ ကြၽန္ေတာ္တို႔ သြင္းဂိုး တစ္ဂိုး ျပန္လည္ သြင္းယူႏိုင္ခဲ့ေပမယ့္ ကံမေကာင္းစြာပဲ လူကြၽံေနခဲ့ပါတယ္။ ဒီေန႔ ေန႔လယ္ပိုင္းမွာပဲ ဂြၽန္နီ အီဗန္က လာေပါ့တ္လို ျပစ္ဒဏ္မ်ိဳး က်ဴးလြန္ခဲ့ေပမယ့္ အဝါကတ္ပဲ ထိခဲ့ပါတယ္။

ဒါက ကြင္းလယ္ဒိုင္ရဲ႕ အမွားလို႔ပဲ ထင္ပါတယ္။ ဒါကို VARရဲ႕ အမွားလို႔ ေျပာလည္း ရပါတယ္။ ကြၽန္ေတာ္ စည္းမ်ဥ္းေတြ အေၾကာင္းကို နားမလည္ေတာ့ပါဘူး။ ဒီလို ျဖစ္ရပ္က လက္စတာနဲ႔ပြဲမွာ အဝါကတ္ ျဖစ္ၿပီး ဒီပြဲက်ေတာ့ အနီကတ္ ျဖစ္ေနပါတယ္” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ကမာၻ႔ထိပ္တန္း နည္းျပတဦး အျဖစ္ သတ္မွတ္ခံထားရတဲ့ ဂြာဒီယိုလာဟာ ၂၀၁၆ခုႏွစ္ထဲက မန္ခ်က္စတာ စီးတီးအသင္းကို စတင္ ကိုင္တြယ္ခဲ့သူ ျဖစ္ၿပီး မန္ခ်က္စတာ စီးတီးအသင္းကို ၿပိဳင္ပြဲစုံမွာ ပြဲေပါင္း ၃၁၀ ဦးေဆာင္ေပးခဲ့ကာ ပရီးမီးယားလိဂ္ဖလား ၃ႀကိမ္ ၊ အက္ဖ္ေအဖလား ၁ႀကိမ္ ၊ ကာရာေဘာင္းဖလား ၄ႀကိမ္နဲ႔ ကြန္ျမဴနတီဒိုင္း ၂ႀကိမ္တို႔ကို အရယူထားႏိုင္ပါတယ္။

မန္ခ်က္စတာ စီးတီးနဲ႔ ပဲေလ့စ္တို႔ရဲ႕ ပြဲစဥ္ဟာ ဂြာဒီယိုလာရဲ႕ နည္းျပဘဝ ပရီးမီးယားလိဂ္ ပြဲေပါင္း ၂၀၀ ျပည့္ခဲ့တဲ့ ပြဲစဥ္တပြဲ ျဖစ္ၿပီး အိမ္ကြင္း အီတီဟတ္မွာ ကစားရတဲ့ ပြဲတပြဲ ျဖစ္သလို ဂြာဒီယိုလာရဲ႕ အထိမ္းအမွတ္ပြဲလည္း ျဖစ္တာေၾကာင့္ သက္ေတာင့္သက္သာ အႏိုင္ရသြားမယ္လို႔ ထင္မွတ္ခဲ့ၾကေပမယ့္ ဧည့္သည္ ပဲေလ့စ္အသင္းကသာ နိုင္ပြဲယူသြားခဲ့တာပါ။