ဆယ်ကျော်သက် ကွင်းလယ်ပစ်မှတ်၊ ဝန်ထမ်းတွေ အထွက်များနေခြင်း၊ ကြေးမြင့်လာမယ့် လီယာအိုနဲ့ ယနေ့ ချဲလ်ဆီး သတင်းများ စုစည်းမှု
ချဲလ်ဆီး အသင်းဟာ ဖူလ်ဟမ်အသင်းမှ ဆယ်ကျော်သက် ကွင်းလယ် ကစားသမား လုခ် ဟယ်ရစ် ကို ပေါင် သန်း ၃ဝ နဲ့ ခေါ်ယူဖို့ ကြိုးစားနေကြောင်း အင်္ဂလန် သတင်းတွေက ဖော်ပြလာပါတယ်။
အသက် ၁၇ နှစ် အရွယ် ကစားသမား ဟာ ကွင်းလယ် ဗဟိုရော တိုက်စစ်ပါ လိုက်ပါ ကစားနိုင်သူပါ။ ၎င်း က ငယ်ရွယ်သေးပေမယ့် ဝေးစ် လက်ရွေးစင် အသင်းက ရွေးချယ် ခေါ်ယူထားပြီ ဖြစ်ပါတယ်။
ချဲလ်ဆီး၊ မန်ယူ၊ မန်စီးတီး၊ လီဗာပူး နဲ့ ရီးရဲလ်မက်ဒရစ်တို့ ပစ်မှတ်ထားနေတဲ့ ဂျု့ဒ် ဘယ်လင်ဟမ် အတွက် ဒေါ့မွန်က တန်ကြေး ယူရို သန်း ၁၅ဝ (ပေါင် ၁၃၁.၆ သန်း) လို့ ဈေး သတ်မှတ်လိုက်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့နွေက စတန်းဖို့ဘရစ်ချ် ရောက်လာခဲ့တဲ့ ကူလီဘာလေက သူ ချဲလ်ဆီးအသင်းထံသို့ ပြောင်းရွှေ့တာနဲ့ အသင်း ဂန္တဝင် တိုက်စစ်မှုး ဒရော့ဘာ က မက်ဆေ့ချ် ပို့ နှုတ်ဆက်ခဲ့ကြောင်း ဝမ်းမြောက်ဝမ်းသာ ဖွင့်ဟသွားခဲ့ပါတယ်။
ပိုင်ရှင်သစ် တော့ဒ်ဘိုလီ လက်အောက်မှာ ချဲလ်ဆီးအသင်းကနေ ဝန်ထမ်းတွေ တယောက်ပြီး တယောက် ထွက်ခွာမှု နဲ့ ကြုံတွေ့ နေရပါတယ်။ အခုနောက်ဆုံးမှာတော့ အသင်းမှာ ၁၁ နှစ်ကျော် လုပ်ကိုင် လာခဲ့တဲ့ ဆေး အဖွဲ့ ခေါင်းဆောင် ပါကို ဘီယိုဆာ ဟာလည်း စတမ်းဖိုဒ့် ဘရစ် ကို နှုတ်ဆက် သွားခဲ့ပြန်ပြီ ဖြစ်ပါတယ်။

ချဲလ်ဆီး ပစ်မှတ်ထားနေတဲ့ တိုက်စစ်သမား ရာဖယ် လီယာအို ကို အေစီမီလန် အသင်းက စာချုပ်သစ် သက်တမ်းတိုး ချုပ်ဆိုဖို့ ကြိုးစားနေပါတယ်။ လီယာအိုဟာ မနေ့ညက ချက်နဲ့ ပွဲမှာ ပေါ်တူဂီအသင်းနဲ့ အတူ ခြေစွမ်းပြခဲ့ပါတယ်။
အီတလီဘက်က သတင်းတွေ အဆိုအရ မီလန်အသင်းဟာ လီယာအို ကို လက်ရှိ လစာထက် ယူရို ၂ သန်းထိ တိုးပေးသွားဖို့ ရှိနေပြီး နောက်နှစ် နွေမှာ အသင်းကြီးတွေ ကမ်းလှမ်းလာရင် ငြင်းဆန်ရ ခက်ခဲမှာကိုလည်း စိုးရိမ်နေပါတယ်။