ဒိုလေးကို ဘာလို့ မရခဲ့သလဲ ရှင်းလာတဲ့ ဆော်ဒီကလပ်၊ ပြန်လာတဲ့ ရက်ဖို့ဒ်၊ ထုတ်ရောင်းမယ့် ၂ဦးနဲ့ ယနေ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

မန်ယူအသင်းဟာ PSV တိုက်စစ်သမား ဂတ်ပို ကို ထပ်မံ ကြိုးစားဖို့ ရှိနေကြောင်း သိရပါတယ်။ ပေါင် ၂၅ သန်း တန် ကစားသမားဟာ ဒီရာသီမှာ ၁ဝ ဂိုးတောင် သွင်းထားပြီ ဖြစ်လို့ တန်ကြေး ပိုတက်လာဖွယ် ရှိနေပါတယ်။

မန်ယူ တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်ဟာ သူ့ရဲ့ တံကောက်ကြော ဒဏ်ရာကနေ သက်သာလာနေပြီး ဒီသီတင်းပတ်ကုန် စီးတီးနဲ့ ရင်ဆိုင်ရမယ့် မန်ချက်စတာ ဒါဘီပွဲမှာ ပါဝင်လာဖို့ ရှိကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ နွေတုန်းက စီ ရော်နယ်ဒိုကို ခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် မအောင်မြင်ခဲ့တာဟာ အပြောင်းအရွှေ့ ပိတ်ခံ ထားရတာကြောင့် နောက်ဆုံးအဆင့်ထိ ဆက်နွေးလို့ မရခဲ့တာ လို့ ဆော်ဒီကလပ် Al-Hilal ဘက်က ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဖီးလ် ဂျုံးစ်နဲ့ တွမ်ဇီဘီ ဗဟိုခံစစ်မှုး ၂ဦးကို ရောင်းချဖို့ ကြိုးစားမှာ ဖြစ်ကြောင်း ESPN သတင်းက ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ဒီဂီယာကြား သက်တမ်းတိုး စာချုပ်သစ်ကိစ္စ မစတင်သေးတာကြောင့် စပိန်ဂိုးသမားကို ခေါ်ယူရေး ဂျူဗင်တပ်ဘက်က စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။

မန်ယူနိုက်တက် ခံစစ်မှာ ဗာရန်းနဲ့ မာတီနက်စ်တို့ အထူး ခြေစွမ်းပြနေပြီး ဒီအခြေအနေကို ပါးပါးနပ်နပ် ကိုင်တွယ်ကာ တိုးတက်မှု ရှာဖွေဖို့လိုတယ်လို့ မက်ဂွဲရားကို သရဲနီဟောင်း ဂျပ်စတမ်းက သတိပေးစကား ပြောဆိုပါတယ်။

အင်္ဂလန် မီလျံနာ တစ်ဦး ဖြစ်တဲ့ ဘီဘီစီ Dragons Den အစီအစဉ် ပိုင်ဆိုင်သူ Steve Bartlett က မန်ချက်စတာ ယူနိုက်တက် အသင်းကို ဂလေဇာ ပိုင်ရှင်မိသားစု ထံမှ လက်လွှဲယူလိုကြောင်း အသံပြုလာပါတယ်။ ၎င်းက မန်ချက်စတာ ယူနိုက်တက် ပရိသတ် တစ်ဦးလည်း ဖြစ်နေတာပါ။