အကောင်းဆုံးများ သိမ်းပိုက်ခြင်း၊ ပေါ့ဘာ မွှေခံရတဲ့ ဗန်ဒီဘိ၊ ခေါင်းခံရတော့မယ့် တန်ဟက်နဲ့ ယနေ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ စုစည်းမှု
ဘရာဇီး အသင်းရဲ့ ဂန္ထဝင် နောက်ခံ ကစားသမားကြီး ရော်ဘတ်တို ကားလိုစ့် က မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဖရက်ဒ် ဟာ သူ တွဲကစားဖူးချင်တဲ့ ဘောလုံးသမားတွေ ထဲက တယောက် ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ်။
ဖရက်ဒ် ဟာ ယူနိုက်တက် မှာ စိတ်ကျေနပ်စရာ ကောင်းလောက်တဲ့ ပုံစံမျိုးကို မပြသနိုင်လို့ ဝေဖန်မှုတွေ ခံနေရသူ ဖြစ်ပေမယ့် ဘရာဇီး လက်ရွေးစင် အသင်းမှာတော့ ပွဲကစားခွင့် ပိုမို ရရှိလို့နေပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဘက်မှာတော့ ဝေဖန်ခံနေရတဲ့ အင်္ဂလန် ခံစစ်မှူး ဟယ်ရီ မက်ဂွဲယား ဟာ ဂျာမနီ နဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ် ပွဲမှာ ဒဏ်ရာ ရခဲ့ပြီး ၂ ပတ်ခန့် အနားယူရနိုင်တာကြောင့် ဒါဘီ ပွဲကို လွဲချော်မယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ်။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မားကပ်ရက်ဖို့ဒ်ဟာ စက်တင်ဘာလထဲ ၂ပွဲ ကစား ၂ဂိုးသွင်းပြီး ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆု ကို ရရှိသွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပြ တန်ဟက်ကလည်း အကောင်းဆုံး မန်နေဂျာ ဆု ရရှိသွားပါတယ်။
ပေါ့ဘာ က မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကစားခဲ့တဲ့ အချိန်တွေဟာ သူ မျှော်မှန်းထားသလို ဖြစ်မလာခဲ့ဘဲ ဂျူဗင်တပ်ထံ ပြန်ပြောင်းလာခဲ့တာဟာ စိန်ခေါ်မှုသစ် တခု ဖြစ်စေခဲ့တယ်လို့ ဖွင့်ဟပြောဆို သွားခဲ့ပါတယ်။
ဒါ့အပြင် ပေါ့ဘာ ဟာ နယ်သာလန် ကွင်းလယ်လူ ဒွန်နီ ဗန်ဒီဘိ ကိုလည်း မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာဖို့ အကြံ ပေးခဲ့ကြောင်း ဗန်ဒီဘိ ရဲ့ အေးဂျင့်ဟောင်းက ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင် ပေါလ်စခိုး က ရာဖေး ဗာရန်း နဲ့ ဂျေဒန် ဆန်ချို တို့ကို ခေါ်ယူ ခဲ့တဲ့ အသင်းရဲ့ လူသစ်စုဆောင်းရေး လုပ်ငန်းစဉ် အပေါ် ဝေဖန်ပြောဆို သွားခဲ့ပြီး လက်ရှိ နည်းပြ အဲရစ် တန်ဟတ် ဟာ အဆိုပါ ကစားသမားတွေ အတွက် ခေါင်းခံ ပေးရတော့မယ်လို့ ထောက်ပြသွားခဲ့ပါတယ်။

ပေါလ်စခိုး ဟာ အခု ရာသီမှာ ထပ်ရောက်လာတဲ့ ဝါရင့် ကွင်းလယ်လူ ကက်စမဲရိုး ရဲ့ အပြောင်းအရွှေ့ အပေါ်လည်း ကျေနပ်မှု ရှိပုံ မရခဲ့ပါဘူး။
မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က ဒိန်းမတ်လက်ရွေးစင် ဝါရင့် ကွင်းလယ် ကစားသမား အဲရစ်ဆင်နဲ့ တွဲဖက်ကစားခွင့်ရတာက ကစားရတာက ပိုမို လွယ်ကူလာတာကြောင့် ထူခြား ကောင်းမွန်မှု ရှိတဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။