မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမား အဝယ် ညံ့ချက်တွေကို အထုပ်ဖြည် ဝေဖန်သွားတဲ့ ပေါစခိုးလ်

မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင်ဟောင်း ပေါစခိုးလ်က သူ့အသင်းဟောင်း မန်ယူ အသင်းရဲ့ ကစားသမားသစ် ဝယ်ယူမှုတွေ အပေါ် ပြင်းထန်စွာ ဝေဖန်ခဲ့ပါတယ်။ အထူးသဖြင့် တိုက်စစ်ကစားသမားဆန်ချိုနဲ့ နောက်ခံလူ ဗာရာနီတို့ကို ဝေဖန်တဲ့အပေါ် ပေါစခိုးလ်က အတော် ပြောဆို ဝေဖန်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်အပိုင်းအခြားအတွင်း ပေါစခိုးလ်ဟာ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ အပေါ် အားမလိုအားမရဖြစ်ခဲ့တာပါ။ မန်ယူဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့တွေအတွင်း အပြောင်း အရွှေ့ ခေါ်ယူမှုမှာ အမှားအယွင်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

နောက်ခံလူ မက်ဂွဲရားကို ပေါင်သန်း ၈၀ နဲ့ခေါ်ယူခဲ့သလို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ကွင်း်လယ်လူ ပေါ့ဂ်ဘာကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောင်းထုတ်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း မန်ယူရဲ့ အပြောင်း အရွှေ့ လှုပ်ရှားမှုတွေက ဝေဖန်ခံခဲ့ရပါတယ်။

ဒါ့အပြင် ပေါစခိုးလ်ကတော့ ဆန်ချိုနဲ့ ဗာရာနီတို့ဟာ မန်ယူရဲ့ မလိုအပ်တဲ့ ခေါ်ယူမှုတွေလို့ ယူဆထား လျက်ရှိနေပါ တယ်။

ပေါစခိုးလ်က “မန်ယူအနေနဲ့ ဆန်ချိုကိုခေါ်လိုက်တာ ပရီးမီးယားလိဂ်မှာ သက်သေ မပြထားသေးတဲ့ လူငယ် ကစားသမားတစ်ဦးအပေါ် ငွေကြေးများစွာအသုံးပြုပြီး ခေါ်ခဲ့တာပါ။ နောက်ပြီး ရီးရဲလို အသင်းမျိုးကလည်း ဘာကြောင့် ဗာရန်းကို လက်လွှတ်လိုက်တာလဲ။

ပြီးခဲ့တဲ့ရာသီကို ပြန်ကြည့်မယ်ဆိုရင် သူက ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဒါက ကောင်းမွန်တဲ့ အပြောင်းအရွှေ့လို့ ကျွန်တော် မထင်ပါဘူး။ ဒီအပြောင်းအရွှေ့တွေအတွက်လည်း အသင်းမှာ တာဝန်ယူမယ့်သူတစ်ယောက်မှ မရှိပါဘူး”လို့ ပေါစခိုးက မှတ်ချက်ပြုခဲ့ပါတယ်။

ဆန်ချိုနဲ့ ဗာရန်းတို့ဟာ မန်ယူမှာ ကစားသမားဘ၀ အဆင်မချောမွေ့ခဲ့ပေမယ့် လက်ရှိအချိန် နည်းပြသစ် အဲရစ် တန်ဟတ် လက်အောက်မှာတော့ ခြေစွမ်းပြ ကစားနေကြတာ တွေ့ရပါတယ်။

မန်ယူဟာ အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ ကက်စမဲရိုးကို ပေါင်သန်း ၇၀ အထိပေးခေါ်ခဲ့ပေမယ့် အရန်ခုံမှာသာ ထိုင်ခိုင်းခဲ့ပါတယ်။ ဒါ့အပြင် အေဂျက်ဇ်ကနေ အန်တိုနေးကို ယူရိုသန်း ၁၀၀ နဲ့ ခေါ်ခဲ့တဲ့ အပြောင်းအရွှေ့ကလည်း ဝေဖန်ခံခဲ့ရပါတယ်။